Connect with us

Science & Technology

EV Charging Station နှစ်ခု ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်

ရန်ကုန် ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

EV ယာဉ်များအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ EV Charging Station နှစ်ခုကို ရန်ကုန်မြို့၌ ပထမဆုံး အကြိမ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ရန်ကုန်မြို့ ဘူတာကြီးရှေ့ရှိ EV Charging Station နှင့် သီရိမင်္ဂလာဈေးတွင် တည်ဆောက်သည့် Charging Station တို့ကို မတ် ၁၉ ရက်တွင် တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် အလုံမြို့နယ် သခင်မြပန်းခြံ၊ မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း၊ လှိုင်သာယာမြို့နယ် ဒဂုံ-ဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းတို့တွင်လည်း Charging Station များ ဆောက်လုပ်လျက်ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.