Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတောင်ပိုင်းတွင် လှေတိမ်းမှောက်မှုကြောင့် လူ ၈ ဦး သေဆုံး၊ ၁၈ ဦး ပျောက်ဆုံးနေ

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တောင်ပိုင်းတွင် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားပြီး အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းအထိ လူ ၈ ဦးထက်မနည်း သေဆုံးကာ ၁၈ ဦး ပျောက်ဆုံးနေကြောင်းနှင့် ၁၁ ဦးမှာ ဆေးရုံ၌ ကုသမှုခံယူလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယင်းဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့၌ အောက်တိုဘာ ၂၀ ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစက်လှေတိမ်းမှောက်မှုမှာ အားကောင်းသော ရေဝဲကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီမှာ ရာသီဥတု မကောင်းတာနဲ့ အင်တာနက်ဆက်သွယ်ရေးအခက်အခဲကြောင့် နောက်ထပ် သတင်းတွေ ရဖို့ အခက်အခဲ ရှိနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
လတ်တလော ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သောကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ အရေအတွက်မှာ တိုးလာနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။ (Xinhua)
………………………….
(English Version)
8 dead, 18 missing in boat accident in southern Myanmar
YANGON, Oct. 21 (Xinhua) — At least eight people have died, 18 people are missing, and 11 individuals have been hospitalized, after a motor boat capsized in southern Myanmar, an official from the Myeik Fire Services Department told Xinhua on Monday afternoon.
The accident occurred in Palaw Township of Myeik District in Tanintharyi Region, around 9:15 p.m. local time on Sunday, he said.
The accident was caused by a strong whirlpool, which flipped the boat, he added.
“We are having difficulty obtaining further information due to poor weather conditions and internet connectivity in the area,” he said.
The number of deaths and missing persons may increase as rescue operations are currently underway, he added. Enditem