နယူးဒေလီ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) လူပေါင်း ၁၂ ဦးသေဆုံးပြီး အခြား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဟိန္ဒူဘုရားကျောင်းတစ်ခုအတွင်း လူအုပ်ပိမှု ဖြစ်ရပ်ဆိုးအား အမြင့်ဆုံး စုံစမ်းစစ်ဆေးနိုင်ရန် အိန္ဒိယနိုင်ငံဘက် ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ အာဏာပိုင်များက စနေနေ့တွင် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
ဖနွမ်းပင် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် ပထမဆုံးအကြိမ် တန်ချိန် ၃၀၀,၀၀၀ ကျော်လွန်ခဲ့ပြီး ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံအကြား ဆန်စပါးကဏ္ဍတွင် နောက်ထပ်သမိုင်းမှတ်တိုင် ဖြစ်လာကြောင်း တရုတ်နိုင်ငံ အသိအမှတ်ပြုလက်မှတ် နှင့် စစ်ဆေးရေးအဖွဲ့(CCIC)၏ ကမ္ဘောဒီးယားရုံးခွဲက ဇန်နဝါရီ ၁...
ကွမ်ကျိုး၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ကွမ်တုန်းပြည်နယ်မြောက်ပိုင်းရှိ ပြည်နယ်အဆင့်တောင်တရုတ်ကျား သဘာဝဘေးမဲ့ဧရိယာစီမံခန့်ခွဲမှုရုံး၏ရှောက်ကွမ်းတောင်တရုတ်ကျားမျိုးပွားရေးသုတေသနအခြေစိုက်စခန်းမှ တောင်တရုတ်ကျားမိခင် “Mengmeng” သည် နှစ်ကူးညတွင် ကျားပေါက်လေးနှစ်ကောင်ကို မွေးဖွားခဲ့ပြီး “တစ်နှစ်လျှင် သားပေါက်လေးကောင်”စံချိန်တင်မွေးဖွားခဲ့ကြောင်း ကွမ်တုန်းပြည်နယ်သစ်တောရေးရာဌာနမှ သိရသည်။
မက်ဒရစ်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ဥရောပနိုင်ငံအများအပြားတွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ အရေအတွက် အဆမတန်တိုးပွားလာခဲ့ရာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့သည်။ကိုဗစ်စစ်ဆေးစမ်းသပ်မှု မလုံလောက်ခြင်းနှင့် စာရင်းပြုစုမှု နှေင့်နှေးခြင်းကြောင့် အမှန်တကယ် ရောဂါဖြစ်ပွားမှုအရေအတွက်သည် တရားဝင်ထုတ်ပြန်သည်ထက် ပိုမိုများနိုင်ကြောင်း၊ လက်ရှိ ကပ်ရောဂါ ကာကွယ်ရေး အစီအမံများသည်...
ကိပ်တောင်း ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တော်ရှိ ဥပဒေပြု လွှတ်တော်တွင် ယနေ့(ဇန်နဝါရီ ၂ ရက်) နံနက်ပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နှင့် ယင်းမီးလောင်မှုသည် အမျိုးသားလွှတ်တော်(အောက်လွှတ်တော်) အဆောက်အဦသို့ ကူးစက်လောင်ကျွမ်းသွားကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ဟောင်ကောင် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ သတ္တမအကြိမ်ဥပဒေပြုကောင်စီသည် ဇန်နဝါရီ ၁ ရက်တွင် ၎င်း၏ လေးနှစ်တာသက်တမ်းအား စတင်ခဲ့ကြောင်း သိရသည်။
စင်ကာပူ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) သဘောတူညီချက် စတင်အသက်ဝင်လာခြင်းက စင်ကာပူနိုင်ငံ နှင့် RCEP အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး နှင့် စီးပွားရေး ဆက်ဆံမှုများတွင် မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Gan Kim Yong...
နန်နင်း ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက် သည် ဇန်နဝါရီ ၁ ရက်တွင် စတင် အသက်ဝင်လာခဲ့ပြီးနောက် RCEP သဘောတူညီချက်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ဖြစ်သည့် ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီ ၁ ရက် အစောပိုင်းတွင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကုန်စည်ပို့ဆောင်ပေးမည့်...
မန်နာဂွာ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ခဲ့ပြီးနောက် နီကာရာဂွေးနိုင်ငံတွင် တရုတ်နိုင်ငံ၏ သံရုံးကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြန်လည်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ကူမင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ်တွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့သည် မူးယစ်ဆေးဝါး၊မှောင်ခိုကူးမှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်းလောင်းကစားစသည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို ပြင်းထန်စွာ နှိမ်နင်းရေး အထူးပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်ခဲ့ရာတွင် အမှုပေါင်း ၈,၃၂၅ မှုကို ဖြေရှင်းနိုင်ခဲ့ပြီး...