အာဖဂန်နစ္စတန်နိုင်ငံအရေးနှင့် COVID-19 ရောဂါတုံ့ပြန်ရေး ကိစ္စရပ်နှစ်ခုစလုံးတွင် ရှုံးနိမ့်မှုများကြားမှ ဘိုင်ဒန်အစိုးရသည် တရုတ်နိုင်ငံအား အပြစ်ပုံချသောနည်းဖြင့် အကောက်ကြံသောနိုင်ငံရေးကို ကျင့်သုံးခဲ့သည်။ COVID-19 မူလဇစ်မြစ်ခြေရာခံခြင်းဆိုင်ရာ သိပ္ပံနည်းပညာကိုဆန့်ကျင်သော အမေရိကန် ထောက်လှမ်းရေးအစီရင်ခံ ထုတ်ပြန်ခြင်းမှာ အမေရိကန်နိုင်ငံ၏ အခက်အခဲများအတွက် ပြစ်တင်ခံရမှုကို ရှောင်လွှဲရန် နောက်ဆုံးကြိုးပမ်းအားထုတ်ခြင်းပင်ဖြစ်သည်။ (Xinhua) ———————————————- (English Version) Amid...
ထရီပိုလီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံတွင် လာမည့် ရွေးကောက်ပွဲအတွက် ဥရောပသမဂ္ဂ က ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာ ၂ ရက်တွင် အလေးအနက်ပြောကြားခဲ့သည်။
erpangfeng အဓိပ္ပါယ်ဖွင့်ဆိုချက် : နားရွက်ထဲမှ လေထွက်သွားခြင်း သို့မဟုတ် လျစ်လျူရှုခြင်း ဥပမာ : မကြာခဏဆိုသလို အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံထံမှ ကြောင်းကျိုးဆီလျော်သော အကြံဉာဏ်ကို လျစ်လျူရှုလျက်ရှိသည်။ (Xinhua) ———————————————- (English Version) erpangfeng Definition: a puff of wind passing...
ရီယာ့ဒ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ဆော်ဒီနိုင်ငံ စစ်တပ်၏ ပထမအသုတ် အမျိုးသမီးစစ်သည်များ ကျောင်းဆင်းပွဲအခမ်းအနားကို မကြာသေးမီက ကျင်းပပြုလုပ်ခဲ့ကြောင်း Arab News က စက်တင်ဘာ ၂ ရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတစ်ခွင် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့များ၌ Ida မုန်တိုင်းအကြွင်းအကျန်များမှ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်းများကြောင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်၌ တပ်စွဲခဲ့သည့် နှစ်ပေါင်း(၂၀)ကြာကာလတွင် အမေရိကန်သည် ၎င်း၏ပုံစံ စံညွှန်းများဖြင့် ဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံး ရလဒ်က ဝမ်းနည်းကြေကွဲဖွယ်ရာများသာ ဖြစ်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနှံ့ရှိ ဆေးရုံများသည် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့် လူနာများအား အဓိက ကုသပေးနေရသောကြောင့် အောက်စီဂျင် ပြတ်လပ်မှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း CNN က စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
COVID-19 ရောဂါ၏ မူလဇစ်မြစ်ကို ရှာဖွေခြင်းသည် သိပ္ပံပညာရပ်ကိစ္စတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ မတူညီသောနေရာများ၌လည်း ဆောင်ရွက်သွားရမည်ဖြစ်သည်။ (Xinhua) #COVID_19 #Origins #Science #Xinhua #Myanmar #XinhuaMyanmar #မူလဇစ်မြစ် #သိပ္ပံပညာရပ် #ဆင်ဟွာ ———————————————- (English Version) Seeking the origins of COVID-19...
ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်သူနာပြုသုံးဦးသည် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ၎င်းတို့၏ ထူးချွန်ပြောင်မြောက်သော ပံ့ပိုးမှုများအတွက် စက်တင်ဘာ ၂ ရက်တွင် ဖလောရင့်နိုက်တင်ဂေးဆုတံဆိပ် ချီးမြှင့်ခံရကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ကာကွယ်ဆေးပံ့ပိုးပေးသည့် COVAX အစီအစဉ်တွင် တရုတ်နိုင်ငံက အစဉ်တစိုက် ကြိုးပမ်းပါဝင်ဆောင်ရွက်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုဗစ်ကာကွယ်ဆေးလက်လှမ်းမီစေဖို့ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။ ယခုကာလများအတွင်း ကာကွယ်ဆေး သန်း(၃၀)ခန့်ကို အယ်လ်ဂျီးရီးယား၊...