ဟဲနန်၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်အရပ်မှ မြောက်အရပ်သို့ ရေလွှဲပြောင်းခြင်း စီမံကိန်း ၏ အလယ် လမ်းကြောင်းဖြစ်သော ရှန်ဟဲ ရေသွယ်တံတားသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် လူရှန်စီရင်စုတွင်တည်ရှိသည်။ စီမံကိန်း၏ အရှည်မှာ ၁၂ ကီလိုမီတာရှိပြီး ရေလွှဲစီမံကိန်းတစ်ခုလုံး၏ အလယ်ဗဟို အဓိက...
ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်သည့် Huawei က operating system အသစ်တစ်ခုဖြစ်သော HarmonyOS ဟုခေါ်သည့် စနစ်ကို စမတ်ဖုန်းများအတွက် လာမည့် ဇွန်လ ၂ ရက်တွင် စတင် အသုံးပြုနိုင်ရန်စီစဉ်ထားကြောင်းသိရသည်။ အဆိုပါ HarmonyOS...
ကွာလာလမ်ပူ၊ မေ ၂၅ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ဥမင်တစ်ခုအတွင်း မေ ၂၄ ရက်က ရထားလမ်းနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိသဖြင့် လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် ၄၇ ဦး မှာ ဒဏ်ရာပြင်းထန်ကြောင်း မီဒီယာသတင်းများအရ သိရသည်။
ဂျေရုဆလင် ၊ မေ ၂၅ ရက် (ဆင်ဟွာ) ပါလက်စတိုင်း အမျိုးသားတစ်ဦးသည် ဂျေရုဆလင်မြို့တွင် အစ္စရေး အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင် နှင့် အရပ်သားပြည်သူများအား တိုက်ခိုက်မှုပြုလုပ်သောကြောင့် ၎င်းအား အစ္စရေးရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် သုတ်သင်ရှင်းလင်းလိုက်ကြောင်း အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့၏ မေ၂၄ ရက်ထုတ်ပြန်ကြေညာချက်အရသိရသည်။
ကဘူးလ် ၊ မေ ၂၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ မေလ ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစိုးရတပ်ဖွဲ့ အနေဖြင့် နိုင်ငံအတွင်းရှိ ပြည်နယ်အချို့၌ စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာတွင် တာလီဘန်လက်နက်ကိုင်တပ်အဖွဲ့ဝင်ပေါင်း ၁၄၀ ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။
ကန်ဘာရာ၊ မေ ၂၅ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် လျာထားခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ဩစတြေးလျသံရုံးအား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ခတ္တမန္ဒု ၊ မေ ၂၅ ရက် (ဆင်ဟွာ) မျက်စိအလင်းရောင် ပျောက်ကွယ်နေသည်မှာ ၂၅ နှစ်ကြာပြီဖြစ်သည့် တရုတ်နိုင်ငံ မှ မျက်မမြင် ကျန်းဟုန်သည် မေလ ၂၄ ရက်က နီပေါနိုင်ငံဘက်ခြမ်း မှ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ရာ အာရှတိုက်၏ ပထမဦးဆုံးသော...
မနီလာ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသားများက တရုတ်နိုင်ငံ ဆေးဝါးထုတ်လုပ်သူ Sinovac Biotech ၏ CoronaVac ကာကွယ်ဆေးကို အခြား COVID-19 ကာကွယ်ဆေးများထက် ပို၍ နှစ်သက်ကြကြောင်း မေ ၂၄ ရက်တွင် ထုတ်ပြန်သော လွတ်လပ်သော စစ်တမ်းတစ်ခုအရ သိရသည်။
ကုလသမဂ္ဂ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စပ်မျိုးစပါးအတွက် တီထွင်ဖန်တီးခဲ့သူ တရုတ်သိပ္ပံပညာရှင် Yuan Longping ကွယ်လွန်ခြင်းအတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း မေ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။ ပညာရှင် Yuan အား ၁၉၃၀ ပြည့်နှစ်တွင်မွေးဖွားခဲ့ပြီး ၎င်းသည် လွန်ခဲ့သော ရက်သတ္တပတ်က...
တိုင်ယွမ်၊ မေ ၂၄ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်ပြီး စီးပွားရေးအခွင့်အလမ်းများပွင့်လန်းကာ စက်မှုကဏ္ဍပြုပြင်ပြောင်းလဲမှုဆောင်ရွက်နိုင်ခဲ့သောကြောင့် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ပြည်နယ်များ ၌ စီးပွားရေးနလံထမှု အားကောင်းလာလျက်ရှိသည်။ ဆန်းရှီး၊ ဟဲနန်၊အန်းဟွေး၊ဟူပေ၊ဟူနန် နှင့် ကျန်းရှီး အပါအဝင် တရုတ်နိုင်ငံ အလယ်ပိုင်း ပြည်နယ်များမှာ...