Connect with us

CHINA

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တွင် မေ ၃၁ ရက်က ပြည်တွင်းကူးစက်မှု ကိုဗစ်အတည်ပြုလူနာ (၁၁)ဦး ထပ်တိုး

ကွမ်ကျိုး၊ ဇွန် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တွင် မေ ၃၁ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအတွင်း ပြည်တွင်းကူးစက်မှု ကိုဗစ်အတည်ပြုလူနာ (၁၁)ဦး ၊ လက္ခဏာမပြကူးစက်သူ (၂)ဦး ထပ်တိုး လာကြောင်း ယင်းပြည်နယ်ကျန်းမာရေးကော်မရှင်က ဇွန် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ယင်းနေ့ ကွမ်တုန်းပြည်နယ်တွင် ပြည်ပမှ ဝင်ရောက်လာသည့် ထပ်တိုးကို ဗစ်အတည်ပြုလူနာ (၂)ဦး ရှိရာ ကမ္ဘောဒီယားမှလာသည့် လူနာတစ်ဦးကို ကွမ်ကျိုးတွင်လည်းကောင်း ၊ အမေရိကန်မှလာသည့် လူနာတစ်ဦးကို ဖော်ဆန်းတွင်လည်းကောင်း စစ်ဆေး တွေ့ရကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကလေးငယ်တစ်ဦးအား Nucleic acidဆေးစစ်မှုများ ဆောင်ရွက်ရန် ဓါတ်ခွဲနမူနာယူနေသည်ကို မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြည်ပမှဝင်ရောက်လာသည့် လက္ခဏာမပြရောဂါကူးစက်သူ (၈)ဦး ရှိရာ (၂)ဦးမှာ ယူအေအီးမှဖြစ်ပြီး ကျန်(၆)ဦးမှာ အမေရိကန်၊ ချဒ်၊ အိုမန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယားနှင့် ပါပူဝါ နယူးဂီနီနိုင်ငံများမှ ဖြစ်ကြောင်း ၊ ဆေးရုံဆင်းခွင့်ရသည့်လူနာ (၂)ဦးရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် Nucleic acidဆေးစစ်မှုဖို့ လာရောက်သည့် မြို့နေပြည်သူများ၏အချက်အလက်အား ဆေးဝန်ထမ်းများက စစ်ဆေးနေသည်ကို မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မေ ၃၁ ရက် ၂၄:၀၀ နာရီ အထိ ကွမ်တုန်းပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၂,၄၆၈)ဦး (ပြည်ပကူးစက်မှု ၁,၀၃၅ ဦး)ရှိသည်။ လက်ရှိ ဆေးရုံတွင် ကုသမှုခံနေသူ (၇၅)ဦး ရှိကြောင်း သိရသည်။ (Xinhua)

——————————————————
(Chinese Version)
(聚焦疫情防控)广东5月31日新增11例本土确诊病例

新华社广州6月1日电(记者徐弘毅)广东省卫生健康委员会6月1日通报,5月31日0-24时,广东省新增11例本土确诊病例(其中1例为无症状感染者转确诊),广州报告。新增2例本土无症状感染者,广州报告。
5月31日0-24时,广东省新增境外输入确诊病例2例,广州报告1例,来自柬埔寨;佛山报告1例,来自美国。新增境外输入无症状感染者8例,广州报告,2例来自阿联酋,其余6例分别来自美国、乍得、阿曼、菲律宾、柬埔寨和巴布亚新几内亚。新增出院2例。
截至5月31日24时,广东省累计报告新冠肺炎确诊病例2468例(境外输入1035例)。目前在院75例。(完)

图说1,2:新华社照片,广州,2021年5月27日。在广州荔湾体育馆核酸检测点,小朋友接受核酸检测采样(5月26日摄)。新华社记者 邓华 摄
图书3:、新华社照片,广州,2021年5月27日。 在广州荔湾体育馆核酸检测点,医务人员核对前来进行核酸检测的市民的信息(5月26日摄)。