မော်စကို ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် (NATO) နေတိုးစစ်မဟာမိတ်စာချုပ်အဖွဲ့၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန်အတွက် ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံ အနောက်ဘက်ပိုင်း စစ်တိုင်းအတွင်း တပ်ဖွဲ့အသစ် ၂၀ ကျော် တိုးချဲ့ဖွဲ့စည်း တပ်ချသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၃၁ ရက်တွင်...
အော့တဝါ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ်ဂျက်စတင်းထရူးဒိုက နိုင်ငံအနောက်ပိုင်း Kamloops မြို့ရှိ ယခင်ဒေသခံ မျိုးနွယ်စု စာသင်ကျောင်းတစ်ခုတွင် ကလေးငယ်ရုပ်အလောင်း ၂၁၅ လောင်း ရှာဖွေတွေ့ရှိခဲ့ခြင်းကို တုံ့ပြန်ဆောင်ရွက်ရာတွင် သူ၏ အစိုးရအနေဖြင့် ရှေ့ဆက်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပြုံယမ်း ၊ မေ ၃၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန၏ မေ ၃၁ ရက်၌ ထုတ်ပြန်ခဲ့သည့် သတင်းဆောင်းပါးတွင် တောင်ကိုရီးယားနိုင်ငံ၏ ဒုံးကျည် တီထွင်ထုတ်လုပ်ခြင်း နှင့် အသုံးပြုခြင်း ကန့်သတ်ချက်များကို အမေရိကန်နိုင်ငံက ပယ်ဖျက်ပေးလိုက်သည့်အပေါ် ပြစ်တင်ဝေဖန်လိုက်ပြီး တောင်ကိုရီးယားနိုင်ငံ ပိုင်ဆိုင်ခွင့်ရမည့် ဒုံးကျည်ထိပ်ဖူး အလေးချိန်...
ပေကျင်း ၊ မေ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကလေးသုံးယောက် ရယူလိုသော စုံတွဲများအား ထောက်ပံ့သွားမည်ဟု ယနေ့ မေ ၃၁ ရက်တွင် ပြုလုပ်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အစည်းအဝေးမှ သိရသည်။
လန်ဒန် ၊ မေ ၃၁ ရက် (ဆင်ဟွာ) UEFA ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပွဲကစားချိန်အတွင်း ဒဏ်ရာရရှိ၍ လူစားလဲခဲ့ရသည့် မန်စီးတီးအသင်း ကွင်းလယ်အဓိကကစားသမား Bruyne သည် ပွဲပြီးချိန် စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် နှာခေါင်းရိုး နှင့် ဘယ်မျက်ခွံရိုး ကျိုးသွားခဲ့ကြောင်း မေ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန် ၊ မေ ၃၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Hialeah မြို့ရှိ ကလပ်တစ်ခု၏ ပြင်ပ၌ မေ ၃၀ ရက်အစောပိုင်းက ဖြစ်ပွားခဲ့သော အစုပြုံလိုက် ပစ်ခတ်မှုအတွင်း လူ နှစ်ဦး သေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Miami-Dade ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး...
ကိုပင်ဟေဂင် ၊ မေ ၃၁ ရက် (ဆင်ဟွာ) ဒိန်းမတ် အသံလွှင့် ကုမ္ပဏီ (Danmarks Radio) ၏ မေလ ၃၀ ရက်၌ ထုတ်လွှင့်ခဲ့သည့် အထူးသတင်းတွင် အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအေဂျင်စီ (National Security Agency) က ဒိန်းမတ် အမျိုးသားကာကွယ်ရေး သတင်းအချက်အလက်ဌာန မှ...
ဟောင်ကောင် ၊ မေ ၃၁ ရက်(ဆင်ဟွာ) ဟောင်ကောင်ဒေသ၌ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကာကွယ်ဆေး ထိုးနှံမှု စတင်ချိန်မှစ၍ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ဒေသရှိ နေထိုင်သူ ၁ သန်းအား ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးထားပြီး ဖြစ်ကြောင်း သိရသည်။
ကိုလံဘို၊ မေ ၂၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းအနီး မီးလောင်နေသော နိုင်ငံခြားသင်္ဘောတစ်စီးမှ ဆီယိုစိမ့်မှုကို စောင့်ကြည့်လျက်ရှိကြောင်း၊ ဆီယိုစိမ့်မှုက နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းရှိ Negombo ရေအိုင်ထံ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း အာဏာပိုင်များက မေ ၂၆ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၇ ရက်(ဆင်ဟွာ) မေ ၂၆ ရက်က ကမ္ဘာတွင် တွေ့ရခဲသည့် လအပြည့်ကြတ်သည့်မြင်ကွင်းကို နေရာဒေသအသီးသီးမှ တွေ့မြင်ခဲ့ကြသည်။ တစ်နှစ်တာတွင် အကြီးဆုံးလဝန်း”Super Moon”အချိန်နှင့်လည်းတိုက်ဆိုင်နေခြင်းကြောင့် “Super Moon”၏လပြည့်ည လကြတ်သည့် မြင်ကွင်းများကို ကမ္ဘာ့နိုင်ငံအသီးသီးကကြည့်ရှုခဲ့ကြကြောင်း သိရသည်။ (Xinhua) ………………………………………… (Chinese Version)...