Connect with us

Social, Education & Health

ဟောင်ကောင်၌ နေထိုင်သူ ၁ သန်းအား COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးထား

ဟောင်ကောင် ၊ မေ ၃၁ ရက်(ဆင်ဟွာ)

ဟောင်ကောင်ဒေသ၌ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကာကွယ်ဆေး ထိုးနှံမှု စတင်ချိန်မှစ၍ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ဒေသရှိ နေထိုင်သူ ၁ သန်းအား ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးထားပြီး ဖြစ်ကြောင်း သိရသည်။မေ ၃၀ ရက်အထိ လူပေါင်း ၁ ဒသမ ၃၆ သန်းသည် COVID-19 ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံခဲ့ပြီးရာ ဟောင်ကောင်ရှိ အရည်အချင်းပြည့်မီသောအုပ်စုများ၏ ၂၀ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)အစိုးရထံမှ သိရသည်။

ဟောင်ကောင်ဒေသ၌ အသက် ၁၆ နှစ်နှင့်အထက် ပြည်သူများသည် ကာကွယ်ဆေးထိုးနှံရန်အတွက် အရည်အချင်းပြည့်မီပြီး လက်ရှိထိ စုစုပေါင်း ၂ ဒသမ ၆ သန်းခန့် ယင်းဒေသ၌ ထိုးနှံထားပြီး ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြုလုပ်နေသော ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ်နှင့်အတူ ကပ်ရောဂါသည် ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
မေ ၃၀ ရက်တွင် COVID-19 လူနာသစ် တွေ့ရှိရခြင်း မရှိဘဲ စုစုပေါင်း အရေအတွက်သည် ၁၁,၈၃၇ ဦးတွင် မပြောင်းလဲဘဲ ရှိနေကြောင်း ဟောင်ကောင်၏ ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရေးအတွက် စင်တာက ပြောကြားခဲ့သည်။

ပြီးခဲ့သော ရက်သတ္တပတ် နှစ်ပတ်ကျော်က ဟောင်ကောင်ဒေသ၌ လူနာသစ် ၁၇ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး အများစုမှာ ပြည်ပမှ ဝင်ရောက်လာသူများ ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————————————-
(English Version)

1 million Hong Kong residents fully vaccinated against COVID-19

HONG KONG, May 30 (Xinhua) — About 1 million residents have been fully vaccinated against COVID-19 in Hong Kong since its vaccine rollout started on Feb. 26.
As of Sunday, nearly 1.36 million people have taken at least one shot of the COVID-19 vaccine, accounting for 20.7 percent of the eligible groups in Hong Kong, according to the Hong Kong Special Administrative Region (HKSAR) government.

People aged 16 or above are currently eligible for vaccine doses in the financial hub, where some 2.36 million jabs have been administered in total.
With the inoculation program ongoing, the epidemic has remained under control.

There was no new confirmed case of COVID-19 reported on Sunday, leaving the total tally unchanged at 11,837, Hong Kong’s Center for Health Protection said.
Over the past two weeks, a total of 17 new cases were detected in Hong Kong, mostly imported from overseas. Enditem