Connect with us

China

ရှီကျင့်ဖိန်နှင့် ဘရူနိုင်းနိုင်ငံ ဘုရင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီး ရောက်ရှိနေသည့် ဘရူနိုင်းနိုင်ငံ ဘုရင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်နှင့် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်နှင့် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးရောက်ရှိနေသည့် ဘရူနိုင်းနိုင်ငံ ဘုရင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်နှင့် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-ဘရူနိုင်း နှစ်နိုင်ငံ အစဉ်အလာချစ်ကြည်ရေးသည် သမိုင်းကြောင်း ကြာရှည်လှကြောင်း၊ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ်ပေါင်း ၃၀ ကျော်အတွင်း နှစ်ဖက်အနေဖြင့် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုများ အဆက်မပြတ် နက်ရှိုင်းလာပြီး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို တက်ကြွစွာ ချိတ်ဆက်ခဲ့ရာ ကဏ္ဍအသီးသီးတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများက ပြည့်ဝသော ရလဒ်များ ရရှိခဲ့ကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များတွင်လည်း ကောင်းမွန်စွာ တွဲဖက်လုပ်ဆောင်ကြရာ နိုင်ငံကြီးငယ်မရွေး တန်းတူညီမျှ ဆက်ဆံမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု စံနမူနာအဖြစ် တည်ဆောက်နိုင်ခဲ့သလို ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောရေးအတွက်လည်း တက်တက်ကြွကြွ အကျိုးထမ်းဆောင်ခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ တရုတ်နှင့် ဘရူနိုင်း အေးအတူပူအမျှအသိုက်အဝန်း အတူတကွ တည်ဆောက်ခြင်းသည် ခေတ်ကာလ၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့် ကိုက်ညီသလို နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်လည်း ကိုက်ညီကာ နှစ်နိုင်ငံဆက်ဆံရေး၏ စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ကြောင်း၊ နှစ်ဖက်အနေဖြင့် အခြေအနေနှင့်အညီ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက်ညှိနှိုင်းမှု နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အပြန်အလှန် လေးစားမှု၊ ရိုးသားစွာ အပြန်အလှန် ယုံကြည်မှုဖြင့် ပင်လယ်ခြားနေသည့် အိမ်နီးချင်းကောင်း၊ အပြန်အလှန်ယုံကြည်သည့် မိတ်ဆွေကောင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်သည့် မိတ်ဖက်ကောင်းများအဖြစ် ရာသက်ပန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘရူနိုင်းနိုင်ငံနှင့်အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင် အတူလက်တွဲ ရှေ့သို့ချီတက်ကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားများ သယ်ဆောင်ပေးလိုကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက် အတူတည်ဆောက်ရေးနှင့် ဘရူနိုင်းနိုင်ငံ၏ “၂၀၃၅ မျှော်မှန်းချက်ကြီး” မဟာဗျူဟာ ချိတ်ဆက်မှုကို မြှင့်တင်ပြီး ကွမ်ရှီး-ဘရူနိုင်း စီးပွားရေးစင်္ကြံ၊ Hengyi Petrochemical ၏ ပြယုဂ်စီမံကိန်းနှစ်ခုကို တွန်းအားပေးကာ တရုတ်-အာဆီယံ အရှေ့ပိုင်း တိုးတက်မှုဇုန်နှင့် “ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း လမ်းကြောင်းသစ်” ဆုံချက်နှစ်ခုကို တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပိုမိုများပြားသည့် ကုမ္ပဏီများ ဘရူနိုင်းသို့သွားရောက်ကာ ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းဖော်ဆောင်ရန် အားပေးလိုပြီး ဘရူနိုင်း၏ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု (AI) ၊ စွမ်းအင်သစ်လုပ်ငန်းတို့ ဖော်ဆောင်ရန် အားပေးကာ ဘရူနိုင်းဘက် စီးပွားရေးအမျိုးအစားစုံလင်မှုကို အားဖြည့်ပံ့ပိုးသွားလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ၏ စပ်မျိုးစပါး သုတေသန ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရန် ထောက်ခံအားပေးကြောင်း၊ ဘရူနိုင်းဘက်က တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ (CIIE) ၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) စသည့် ပလက်ဖောင်းများကို ကောင်းမွန်စွာအသုံးပြုခြင်းအပေါ် ကြိုဆို၍ အရည်အသွေးမြင့် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့မှုကို တိုးချဲ့ရန် ထောက်ခံအားပေးပါကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးဟူသည့် ကောင်းမွန်သော အစဉ်အလာကို ပြန့်ပွားအောင် လုပ်ဆောင်၍ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ဒေသန္တရ၊ အားကစား ဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တန်းတူညီမျှ၍ စနစ်ကျသော ဗဟုအသွင် ကမ္ဘာအဖြစ် တည်ဆောက်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြု၍ အားလုံးပါဝင်လက်ခံသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ပြောင်းခြင်း တို့ကို အတူတကွ တွန်းအားပေးကာ နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမြှင့်တင်မှုအတွက် တက်ကြွသော အခန်းကဏ္ဍမှပါဝင်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်က သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်ပြည်သူများထံ မြွေနှစ် နှစ်သစ်ကူး ဆုတောင်းစကားဆိုခဲ့သည်။ စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်က သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် စီးပွားရေး အဆက်မပြတ် လျင်မြန်စွာ တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ပြီး လူပေါင်းသန်းရာချီ ဆင်းရဲနွမ်းပါးမှုမှ ကင်းလွတ်စေခဲ့ကြောင်း၊ ၎င်းသည် လေးစားလောက်ဖွယ် အောင်မြင်မှုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာအဆိုပြုချက်ကြီးသုံးရပ်သည် ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး တာဝန်သိနိုင်ငံကြီးဖြစ်သည်ကို ပေါ်လွင်စေကြောင်း၊ ဘရူနိုင်းနှင့် တရုတ်နိုင်ငံသည် အမြဲတစေ အပြန်အလှန်လေးစား၍ ယုံကြည်ကာ နှစ်နိုင်ငံဆက်ဆံရေးသည်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ ဘရူနိုင်း-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းဆီသို့ အတူလက်တွဲ ချီတက်လျက်ရှိကြောင်း၊ ဘရူနိုင်းနိုင်ငံ၏ စီးပွားရေးအမျိုးအစားစုံလင်ရေး မဟာဗျူဟာကို တရုတ်နိုင်ငံက ထောက်ခံအားပေးခြင်းအပေါ် ကျေးဇူးတင်ရှိပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဘရူနိုင်းပြည်သူများ အကျိုးခံစားရကြောင်း ၎င်းကပြောကြားခဲ့သည်။
ဘရူနိုင်းဘက်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ ကျင့်သုံး၍ တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ခိုင်မြဲစေကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသည့် အကျိုးစီးပွားများ သယ်ဆောင်လာပေးလိုကြောင်း၊ ဘရူနိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ စွမ်းအင် စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်သွားလိုကြောင်း စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်က ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံတကာအသိုက်အဝန်းတွင် ရှုပ်ထွေးသည့်အခြေအနေနှင့် စိန်ခေါ်မှုအသစ်များ ရင်ဆိုင်နေရကြောင်း၊ ဘရူနိုင်းဘက်က တရုတ်ဘက်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ (Multilateralism) နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို လက်ကိုင်ထားကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဦးနှစ်ဖက်က《တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းရေးနှင့် တရုတ်-ဘရူနိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးဖော်ဆောင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်》အား ထုတ်ပြန်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များက တရားစီရင်ရေး၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး၊ ကုန်သွယ်စီးပွား၊ မီဒီယာ စသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်များ လက်မှတ်ရေးထိုးမှုကို သက်သေပြုခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်က စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်အား ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြသည်။

ထျန်းအန်းမင် ရင်ပြင်တွင် ဂုဏ်ပြု အမြောက် ၁၂ ချက်ဖောက်ပြီး ကြိုဆိုရေးတပ်ဖွဲ့ဝင်များက တန်းစီ အလေးပြုခဲ့ကြသည်။ နှစ်နိုင်ငံခေါင်းဆောင်များက စင်မြင့်သို့ တက်ရောက်သည့်အခါတွင် စစ်တီးဝိုင်းက တရုတ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံ၏ နိုင်ငံတော်သီချင်းကို တီးမှုတ်ကြသည်။ စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်သည် ရှီကျင့်ဖိန်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးပြီး ချီတက်ပွဲအား ကြည့်ရှုခဲ့ကြသည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင် ရှီကျင့်ဖိန်က ပြည်သူ့ခန်းမဆောင် ရွှေရောင်ခန်းမတွင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်အတွက် ဧည့်ခံပွဲကျင်းပ ကြိုဆိုခဲ့သည်။
အထက်ပါ အစီအစဉ်များကို ဝမ်ရိ တက်ရောက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီး ရောက်ရှိနေသည့် ဘရူနိုင်းနိုင်ငံ ဘုရင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်နှင့် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးရာ ဆွေးနွေးပွဲမတိုင်မီ သမ္မတ ရှီကျင့်ဖိန်က ဘုရင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်အား ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် အခမ်းအနားဖြင့် ကြိုဆိုစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီး ရောက်ရှိနေသည့် ဘရူနိုင်းနိုင်ငံ ဘုရင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်နှင့် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးရာ ဆွေးနွေးပွဲမတိုင်မီ သမ္မတ ရှီကျင့်ဖိန်က ဘုရင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်အား ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် အခမ်းအနားဖြင့် ကြိုဆိုစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
习近平同文莱苏丹哈桑纳尔会谈
新华社北京2月6日电(记者邵艺博、董雪)2月6日上午,国家主席习近平在北京人民大会堂同来华进行国事访问的文莱苏丹哈桑纳尔举行会谈。
习近平指出,中文传统友谊源远流长。建交30多年来,双方不断深化政治互信,积极对接发展战略,各领域务实合作取得丰硕成果,在国际和地区事务中保持良好配合,树立了大小国家平等相待、互利共赢的典范,也为地区和平稳定和发展繁荣作出了积极贡献。中国和文莱共建命运共同体,顺应时代发展大势,符合两国和两国人民根本利益,开启了两国关系崭新篇章。双方要乘势而上,深化互利合作和战略协同,彼此尊重、坦诚互信,永远做隔海相望的好邻居、相互信赖的好朋友、共同发展的好伙伴。
习近平强调,中方愿同文方在国家发展道路上携手前行,为两国人民带来更多福祉。双方要加强共建“一带一路”倡议同文莱“2035宏愿”战略对接,推进广西-文莱经济走廊、恒逸石化两个旗舰项目,打造中国-东盟东部增长区和“陆海新通道”双枢纽。中方愿鼓励更多企业赴文莱投资兴业,支持文莱发展数字经济、人工智能、新能源产业,助力文方经济多元化。中方支持两国开展杂交水稻研究合作,欢迎文方用好中国国际进口博览会、中国-东盟博览会等平台,扩大优质农渔产品对华出口。双方要弘扬人文交流优良传统,深化教育、文化、旅游、地方、体育交流合作,共同推动平等有序的世界多极化、普惠包容的经济全球化,捍卫国际公平正义,为促进国际和地区和平稳定发挥积极作用。
哈桑纳尔向习近平主席和中国人民致以蛇年新春祝福。哈桑纳尔表示,在习近平主席领导下,中国保持经济持续快速增长,让数亿人摆脱贫困,这是了不起的成就。中国提出三大全球倡议,为世界和平、稳定、发展发挥关键作用,展现了负责任大国担当。文莱和中国始终相互尊重、相互信任,两国关系持续发展,携手迈向文中命运共同体。感谢中方支持文莱经济多元化战略,两国合作使文莱人民受益。文方坚定奉行一个中国政策,愿同中方巩固战略合作伙伴关系,为两国人民带来更多福祉。文方愿与中方加强政治互信,深化贸易、农业、渔业、能源等领域合作,促进人文交流。当前,国际社会面临新的复杂局面和挑战,文方愿同中方加强合作,坚持多边主义和自由贸易,维护发展中国家共同利益。
双方发表《中华人民共和国和文莱达鲁萨兰国关于深化战略合作伙伴关系、推进中文命运共同体建设的联合声明》。
会谈后,两国元首共同见证签署司法、共建“一带一路”、经贸、媒体等领域多项合作文件。
会谈前,习近平在人民大会堂北大厅为哈桑纳尔举行欢迎仪式。
天安门广场鸣放21响礼炮,礼兵列队致敬。两国元首登上检阅台,军乐团奏中文两国国歌。哈桑纳尔在习近平陪同下检阅中国人民解放军仪仗队,并观看分列式。
当天中午,习近平在人民大会堂金色大厅为哈桑纳尔举行欢迎宴会。
王毅参加上述活动。(完)
图1、2:2月6日上午,国家主席习近平在北京人民大会堂同来华进行国事访问的文莱苏丹哈桑纳尔举行会谈。这是习近平同哈桑纳尔握手。 新华社记者 黄敬文 摄
图3、4、5:2月6日上午,国家主席习近平在北京人民大会堂同来华进行国事访问的文莱苏丹哈桑纳尔举行会谈。这是会谈前,习近平在人民大会堂北大厅为哈桑纳尔举行欢迎仪式。 新华社记者 高洁 摄