Connect with us

COVID-19 UPDATES

COVID-19 ကာကွယ်ဆေး ၂၅ သန်းအား မျှဝေမည့်အစီအစဉ်ကို ဘိုင်ဒန်ကြေညာ

Pfizer/BioNTech COVID-19 ကာကွယ်ဆေးပုလင်းအား တွေ့ရစဉ် (ဓာတ်ပုံ—BioNTech/Handout via Xinhua)

ဝါရှင်တန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သည် ကမ္ဘာတစ်ဝန်းတွင် COVID-19 ကာကွယ်ဆေး အလုံးရေ ၂၅ သန်း မျှဝေမည့် အသေးစိတ်အစီအစဉ်ကို ဇွန် ၃ ရက် တွင် မိတ်ဆက်ခဲ့သည်။

ကာကွယ်ဆေး၂၅ သန်းအား ခွဲဝေမှုအစီအစဉ်သည် ဇွန်လကုန်တွင် တစ်ကမ္ဘာလုံး၌ ကာကွယ်ဆေး သန်း ၈၀ ဝေမျှမည့် ဘိုင်ဒန်အစိုးရအဖွဲ့ မူဘောင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ကာကွယ်ဆေး ၂၅ သန်းအနက် ၁၉ သန်းကို COVAX အစီအစဥ်မှတဆင့် ဝေမျှသွားမည်ဖြစ်ပြီး ထိုအထဲတွင် လက်တင်အမေရိကနှင့် ကာရေဘီယံအတွက် ကာကွယ်ဆေး ၆ သန်းခန့်၊ တောင်အာရှနှင့် အရှေ့တောင်အာရှအတွက် ကာကွယ်ဆေး ၇ သန်းခန့် နှင့် အာဖရိကအတွက် ကာကွယ်ဆေး ၅ သန်းခန့်ပါဝင်ကြောင်း အိမ်ဖြူတော်၏ထုတ်ပြန်ချက်ထဲတွင် ဘိုင်ဒန်က ပြောကြားထားသည်။

ကျန်ရှိသော ကာကွယ်ဆေး ၆ သန်းကျော်အား ကနေဒါနိုင်ငံ၊ မက္ကစီကိုနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံအပါအဝင် နိုင်ငံများနှင့် မိတ်ဖက်များသို့ တိုက်ရိုက်ဝေမျှသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဘိုင်ဒန်အစိုးရအဖွဲ့အနေဖြင့် အများအပြားသိုလှောင်ထားသော ကာကွယ်ဆေး များအား မျှဝေပေးရန် နိုင်ငံတကာ၏ ဖိအားပေးမှု တိုးမြင့်လာခြင်းကို ရင်ဆိုင်နေရကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံအတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း ၃ ကြိမ်အထက် ကာကွယ်ဆေးထိုးနှံနိုင်ရန် လုံလောက်သောကာကွယ်ဆေးများ ဝယ်ယူပြီးဖြစ်ကြောင်း အမေရိကန် မီဒီယာတွင် မတ်လ၌ သတင်းဖော်ပြခဲ့သည်။ (Xinhua)

————————————
(English Version)
Biden announces sharing plan for 25 mln COVID-19 vaccine doses
WASHINGTON, June 3 (Xinhua) — U.S. President Joe Biden on Thursday introduced details of a plan to share 25 million COVID-19 vaccine doses with the rest of the world.
The allocation plan for the 25 million doses was a part of the Biden administration’s overall framework to share 80 million doses globally by the end of June.
Among the 25 million doses, nearly 19 million will be shared through COVAX, including approximately 6 million doses for Latin America and the Caribbean, approximately 7 million for South and Southeast Asia, and approximately 5 million for Africa, Biden said in a White House statement.
The remaining over 6 million doses will be shared directly with countries and partners including Canada, Mexico, India, and South Korea, according to the statement.
The Biden administration has been under increasing international pressure to share its massive vaccine stockpile. U.S. media reported back in March that the United States had purchased enough vaccines to immunize every adult in the country three times over. Enditem