Connect with us

China

တရုတ် နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ ရင်းနှီး မြှုပ်နှံမှု ဆက်လက် အားကောင်း

တရုတ်နိုင်ငံ၏ ဆောက်လုပ်ပြီး အိမ်ရာအဆောက်အဦးပုံ (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အိမ်ခြံမြေ ရင်းနှီး မြှုပ်နှံမှု ကဏ္ဍတွင် ၈.၅ ရာခိုင်နှုန်း တိုးတက်လာပြီး ၂၀၁၅ ခုနှစ် ပထမ ၃ လပတ်တွင် ၁.၆၇ ထရီလီယံ ယွမ် (အမေရိကန်အဒေါ်လာ ၂၇၁ ဘီလီယံ) ရှိကြောင်း တရုတ်နိုင်ငံတော် စာရင်းအင်း ဌာန ထုတ်ပြန်သည့် ကိန်းဂဏန်း များအရ သိရသည်။

ယမန်နှစ် ပထမ ၃ လပတ်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ် ပထမ ၃ လပတ်တွင် အိမ်ယာ ရင်းနှီးမြှုပ်နှံမှုတွင် ၅.၉ ရာခိုင်နှုန်း တိုးတက်လာပြီး ၁.၁၂ ထရီလီယံယွမ် ရှိခဲ့သည်။

အိမ်ယာသစ် တည်ဆောက်မှု များတွင် ယခုနှစ် ပထမ ၃ လပတ်၌ ၅.၈ ဘီလီယံ စတုရန်းမီတာ ရှိပြီး ပြီးခဲ့သည့် အရင် နှစ်ထက် ၆.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

China International Capital Corp မှ Bob Liu က အားနည်း သည့် စီးပွားရေးကြောင့် ပိုမို အဆင်ပြေသည့် မူဝါဒများ ထွက်ပေါ်လာနိုင်သည်။ ထို့ကြောင့် လာမည့် လများတွင် စီးပွားရေး အခြေအနေ တိုးတက် ကောင်းမွန် လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ယခုကာလတွင်၊ သက်ဆိုင်ရာ ပေါ်လစီ လျော့ပေါ့လာတာ နှင့်အမျ၊ အိမ်ယာ လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု တိုးတက်လာပြီး အိမ်ယာလုပ်ငန်း ဈေးကွက်လည်း ကောင်းမွန်လာ နိုင်ကြောင်း သူက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.