Connect with us

Economy

ဇန်နဝါရီတွင် တရုတ်၏ ကုန်ထုတ်လုပ်မှု ပြန်လည် ကောင်းမွန်လာ

တရုတ်နိုင်ငံရှိကျည်ဆံရထားထုတ်စက်ရုံကြီး(ဆင်ဟွာ)

တရုတ်နိုင်ငံရှိကျည်ဆံရထားထုတ်စက်ရုံကြီး(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဇန်နဝါရီလတွင် တရုတ်၏ ကုန်ထုတ်လုပ်မှု အရှိန်အဟုန်ဖြင့် ပြန်လည် ကောင်းမွန်လာသော်လည်း ယခင်အဆင့်ကို မရောက်ရှိသေးကြောင်း HSBC ဘဏ်၏ ညွှန်းကိန်း များအရ သိရသည်။

ကုန်ထုတ် လုပ်သည့် ပမာဏမှာ ဒီဇင်ဘာလ ကစတင် မြင့်တက်ပြီး ၄၉.၉ မှ ၅၀.၁ အထိမြင့်တက်ခဲ့ သည်။ “ပြည်တွင်းဝယ်လိုအား မဖြစ်စလောက်တက်လာချိန်မှာ ပြင်ပဝယ်လိုအားက တောင့်တင်း ခိုင်မာနေတယ်။ လုပ်သားဈေးကွက် ကျဆင်းလာပြီး ဈေးနှုန်းတွေလည်း ပိုပြီး ကမောက်ကမဖြစ်လာတယ်။ ကုန်ထုတ်လုပ်မှုတွေ အတွက် ဒီနေ့ အကြံပေးချက်တွေအရ ထုတ်လုပ်မှုတွေ ကျဆင်းနေတဲ့ ကြားမှာ ပြည်တွင်း ဝယ်လိုအားလဲ အားနည်းနေတယ်” ဟု HSBC ဘဏ်၏ တရုတ်စီးပွားရေး အကြံပေးခေါင်းဆောင် Qu Hongbin က ပြောသည်။

“လာမယ့်လတွေမှာ ငွေကြေးနဲ့ ဘဏ္ဍာရေးတွေကို လွယ်လွယ်ကူကူ တိုင်းတာနိုင်ဖို့ အထောက်အပံ့ တွေများများ လိုအပ်တယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု ၇.၄ ရာခိုင်နှုန်း ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.