Connect with us

MYANMAR

ကျောက်မျက်အချောထည် ပူးပေါင်းစစ်ဆေးရေးစခန်း လုပ်ငန်းစဉ်များအား နိုဝင်ဘာ ၄ ရက်အထိ ယာယီရပ်နားရန်ညွှန်ကြားထားကြောင်းဆို

ကျောက်စိမ်းအချောထည်များကြည့်ရှုနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ကျောက်မျက်အချောထည် ပူးပေါင်းစစ်ဆေးရေးစခန်း One Stop Service (OSS) လုပ်ငန်းစဉ်များအား ၂၀၂၀ပြည့်နှစ်  နိုဝင်ဘာ ၄ ရက်အထိ ယာယီရပ်နားရန်ညွှန်ကြားထားကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာဦးသက်ခိုင်က ဆင်ဟွာသို့ အောက်တိုဘာ ၉ ရက်တွင်ပြောသည်။

“ဒါကြောင့် ကျောက်စိမ်းကျောက်မျက် အချောထည် ရောင်းဝယ်ဖို့ ခွင့်ပြုမိန့်ရထားတဲ့ ကုမ္ပဏီနဲ့  အရောင်းဆိုင်များကို ယာယီရပ်နားဖို့အတွက်  ကျောက်မျက် အချောထည်များ ပူးပေါင်း စစ်ဆေးရေး စခန်း(မန္တလေး)က သက်ဆိုင်ရာအရောင်းဆိုင်တွေ ကို ဒီရက်ပိုင်းမှာ အကြောင်းကြားထားပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

COVID-19 ဖြစ်ပွားနေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက်နေရသဖြင့် ကျောက်မျက်အချောထည်များ ဖြစ်သော ကျောက်စိမ်းလက်ကောက်၊ကျောက်စိမ်း ပုတီး၊ ကျောက်စိမ်းရုပ်တုများ ပြည်ပနိုင်ငံများသို့ တင်ပို့ရန် ကျောက်မျက် အချောထည်များ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် One Stop Service (OSS) ဖြင့် စစ်ဆေး၍ ချိပ်ပိတ်ကာ  အခွန်ဆောင်၍ သယ်ဆောင်ခြင်းများအား လတ်တလောတွင်ယာယီ ရပ်နားထားရန် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း(ရုံးချုပ်)အနေဖြင့် အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)