Connect with us

News

၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ အထိ နေပြည်တော်၌ ကျင်းပမည်

နေပြည်တော်၌ ကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတစ်ခုတွင် ကျောက်စိမ်းကြည့်ရှုနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီကကြီးမှူး၍ ၂၀၂၂ ခုနှစ် ၅၇ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဧပြီ ၂၂ ရက်မှ ၂၈ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့် က ဆင်ဟွာသို့ဧပြီ ၅ ရက်တွင်ပြောသည်။ဦးဇော်ဘိုခန့်က “ဒီပွဲရဲ့ စည်းမျဉ်းစည်းကမ်းကတော့ အရင်အတိုင်းပဲ။ ပြည်ပ ကုန်သည်တွေပါ ပါမယ့်ပွဲပေါ့။ ကျောက်စိမ်းအတွဲပေါင်း ၂၀၀၀ နဲ့ ကျောက်မျက်အတွဲပေါင်း ၂၀၀ လောက်ပါမှာပါ။ ကျောက်မျက်ကုန်သည်တွေကတော့ လာကြမှာပါ။ Payment ကိစ္စတော့ အခက်အခဲရှိမယ်လို့ထင်တယ်။ ပြည်ပဝယ်လက်တွေအတွက်ငွေပေးတဲ့စနစ်ဘယ်လို ဖြစ်မလဲ မသိသေးဘူး။ ပြည်တွင်းကဝယ်လက်တွေကတော့အဆင်ပြေပါတယ်။ ယူရိုကို ကျပ်ငွေပေါက်ဈေးနဲ့ ပေးချေတာ လက်ခံတော့ အဆင်ပြေပါတယ်’’ ဟု ဆိုသည်။

ပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့် အညီ ခွင့်ပြုမိန့်ရယူ၍ တူဖော်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်လုပ်ငန်းရှင်များ နှင့် လိုင်စင်ရယူ၍ ကျောက်မျက်အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ကျောက်မျက်လုပ်ငန်းရှင်တွေအနေနဲ့ကရင်းနှီးမြှုပ်နှံပြီးစုထားရတဲ့ ကျောက်တွေကလည်း ကျောက်ပွဲဖြစ်မှ ရောင်းလို့ရတာဖြစ်လို့ ကျောက်ပွဲလုပ်တာတော့ ကောင်းပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)