Connect with us

MYANMAR

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ အပါအဝင် ဓါတ်ခွဲစစ်ဆေးသူ ၃၂ ဦး စလုံးတွင် ပိုး မတွေ့ဟု ဆို

နေပြည်တော်၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ)

ဒုတိယ သမ္မတ(၂) ဦးဟင်နရီဗန်ထီးယူနှင့် မိသားစုဝင်များ၊ အနီးကပ် ထိတွေ့ရသည့် ဝန်ထမ်းများ အားလုံး၊ စုစုပေါင်း ၃၂ ဦးတို့ကို ယမန်နေ့က ဓာတ်ခွဲနမူနာ ရယူပြီး စစ်ဆေးခဲ့ရာ ယနေ့နံနက် အစောပိုင်းတွင် COVID-19 ပိုး မတွေ့ရှိဟူသည့် အဖြေ ရရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များသို့ ယနေ့နံနက် ဖြေကြားခဲ့သည်။

” ဒီကနေ့ မနက်အစောပိုင်း(ယမန်နေ့ည နှောင်းပိုင်)းမှာ အဖြေ သိရှိခဲ့ရပါတယ်၊ ဓာတ်ခွဲနမူနာယူ စစ်ဆေးသူ အားလုံး ၃၂ ဦး ရှိပြီးတော့ ၃၂ လုံးမှာ ရောဂါပိုးမတွေ့ရှိရပါ” ဟု သူက ဖြေကြားထားသည်။

နိုင်ငံတော်အကြီးအကဲများ၏ ကျန်းမာရေးအတွက် အဝင်-အထွက်ကို စိစစ် သတ်မှတ်ထားသူများမှအပ အထိအတွေ့ မရှိစေခြင်း၊ ကျန်းမာရေး Guideline များနဲ့အညီ စိစစ်ကြပ်မတ်ဆောင်ရွက်ထားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်းလည်း ဦးဇော်ဌေးက ဖြည့်စွက် ဖြေကြားခဲ့သည်။  (Xinhua)