Connect with us

MYANMAR

SARS-Cov2 ဗီဇပြောင်းအိုမီခရွန်ရောဂါပိုး BA.2ဓာတ်ခွဲနမူနာ ၃၁ ခု မြန်မာနိုင်ငံတွင်စတင်တွေ့ရှိ

ရန်ကုန်မြို့လယ်တွင်နှာခေါင်းစည်းတပ်ဆင်လျက် လမ်းလျှောက်နေသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊မတ်၁၈ရက်(ဆင်ဟွာ)

SARS-Cov2ဗီဇပြောင်းအိုမီခရွန်ရောဂါပိုး BA.2ဓာတ်ခွဲနမူနာ၃၁ခုအားမြန်မာနိုင်ငံတွင်စတင်တွေ့ရှိပြီဖြစ်ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏မတ်၁၈ရက်ထုတ်ပြန်ချက်အရသိရသည်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်COVID-19မျိုးရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ COVID-19ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် COVID-19မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့်သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ၃၁ခုအား COVID-19 ရောဂါမျိုးရိုးဗီဇစစ်ဆေးခြင်းကို တပ်မတော်ဆေးသုတေသနတပ်တွင် ၂၀၂၂ခုနှစ် မတ်၁၅ရက်တွင် ဆောင်ရွက်ခဲ့ရာ ဓာတ်ခွဲနမူနာ ၃၁ ခု၌ SARS-Cov2 ဗီဇပြောင်းအိုမီခရွန်ရောဂါပိုး BA.2အားတွေ့ရှိခဲ့ရကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းမျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးBA.2တွေ့ရှိသူများအား COVID-19 ရောဂါပိုးဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သီးခြားထားရှိကုသပေးလျက်ရှိပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာကောင်းမွန်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရအိုမီခရွန်မျိုးဗီဇပြောင်းရောဂါပိုး BA.2 သည် အိုမီခရွန်မျိုးဗီဇပြောင်းရောဂါပိုးBA-1ထက်ကူးစက်မှုပိုမြန်ဆန်သော်လည်း COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးသူများတွင်ရောဂါလက္ခဏာပြင်းထန်မှုနှင့်သေဆုံးမှုတို့လျော့နည်းကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

မတ်လ ၁၈ ရက် ညပိုင်းကြေညာချက်အရ ၂၄ နာရီအတွင်းဓာတ်ခွဲနမူနာစစ်ဆေးမှု၁၇,၇၆၃ဦးပြုလုပ်ခဲ့ရာဗိုင်းရပ်စ်
ထပ်မံကူးစက်ခံရသူ အရေအတွက် ၅၄၀ ဦး ရှိပြီးကူးစက်မှုရာခိုင်နှုန်းအနေဖြင့် ၃.၀၄ ရာခိုင်နှုန်းရှိပြီး မတ်လ၁၈ရက်တွင်ရောဂါကြောင့်နေ့စဉ်သေဆုံးသူနှစ်ဦးရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.