Connect with us

COVID-19 UPDATES

မြန်မာ့ဆေးဝါးလုပ်ငန်း နှင့် တရုတ်နိုင်ငံ Sinopharm (CNBG) တို့ ပူးပေါင်း၍ Myancopharm COVID-19 ကာကွယ်ဆေးကို မြန်မာနိုင်ငံ၌ စတင်ထုတ်လုပ်

Myancopharm COVID-19 ကာကွယ်ဆေးအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

မြန်မာ့ဆေးဝါးလုပ်ငန်း (MPI) နှင့် တရုတ်နိုင်ငံ Sinopharm (CNBG) တို့ ပူးပေါင်းထုတ်လုပ်သည့် Myancopharm COVID-19 ကာကွယ်ဆေးကို တရားဝင် စတင်ထုတ်လုပ်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ခိုင်က ဆင်ဟွာသို့ ယနေ့ မတ် ၁၇ ရက်တွင် အတည်ပြုပြောကြားသည်။

“China Sinopharm ကုမ္ပဏီ နဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး ဆေးဝါးစက်ရုံခွဲ (ရွာသာကြီးမှာ) COVID-19 ကာကွယ်ဆေး ထုတ်လုပ်မှုတွေကို ဆောင်ရွက်နေပါတယ်။ စမ်းသပ်မှုတွေ အဆင့်ဆင့်ဆောင်ရွက်ပြီး စတင်ထုတ်လုပ်နေပါပြီ။ စပြီး စမ်းသပ်တဲ့ ဆေးဝါးတွေကိုလည်း အရည်အသွေးထိန်းချုပ်ရေးအတွက်စစ်ဆေးမှု တွေကို ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီကာကွယ်ဆေးနဲ့ ပတ်သက်ပြီး FDA ရဲ့ Registration (မှတ်ပုံတင်ခြင်း) ရဖို့လည်း ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဆေးဝါးစတင်ထုတ်လုပ်ခြင်း မိတ်ဆက်တဲ့အခမ်းအနားကို ဒီလ ၂၃ ရက်မှာ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီးမှာ) ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။’’ ဟု ဒေါက်တာ အောင်ခိုင်ကပြောသည်။
တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံသို့ ပညာရှင်များ စေလွှတ်ပေးခဲ့သလို သင်တန်းများ(training) ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“တရုတ်နိုင်ငံဘက်က ဆေးဝါးထုတ်လုပ်ရေးပိုင်းဆိုင်ရာ training နဲ့ Quality control ပိုင်းဆိုင်ရာ training တွေပေးပါတယ်။အခုလို တရုတ်နိုင်ငံဘက်က ကူညီတဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ အများကြီးရပါတယ်။ Technical Transfer တွေ အများကြီးရရှိပါတယ်’’ဟု ဒေါက်တာအောင်ခိုင်က ဆက်ပြောသည်။

တရုတ်နိုင်ငံသည် Vaccine (ကာကွယ်ဆေး) ထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းခြင်းနှင့် Vaccine (ကာကွယ်ဆေး) မထုပ်ပိုးရသေးသောအရည် (RTF Bulk ) ပံ့ပိုးပေးခြင်းအပြင် မြန်မာနိုင်ငံသို့ ပညာရှင်များ စေလွှတ်ကာ Vaccine ထုတ်လုပ်မှုလုပ်ငန်းကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း Myancopharm Vaccine တစ်ပုလင်းလျှင် လူငါးဦး ထိုးနှံနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“ဆေးဝါးထုတ်လုပ်တဲ့အခါ ဆေဝါးထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ၊ Process တွေ၊ နောက်တခါ Quality Control ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေက ကျွန်တော်တို့ အတွက်အများကြီးလိုအပ်ပါတယ်။ ဆေးဝါးထုတ်လုပ်မှုပိုင်းမှာ ကျွန်တော်တို့ထက် တတ်ကျွမ်းတဲ့ ပညာတွေကို တရုတ်နိုင်ငံဆီက ကျွန်တော်တို့ တဆင့်ရခြင်းအားဖြင့် နောင်ရေရှည်မှာလည်း ကျွန်တော်တို့ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍမှာ အများကြီး အကျိုးရှိမယ်လို့ မျှော်မှန်းပါတယ်။ ဆေးဝါးထုတ်လုပ်တဲ့အခါ အခက်အခဲလေးတွေ ရှိတယ်ဆိုပေမယ့် ကြီးကြီးမားမား အခက်အခဲ တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီSinopharm ကုမ္ပဏီနဲ့ မြန်မာ့ဆေးဝါးလုပ်ငန်းနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်ရင်း အခက်အခဲလေးတွေ ကို ဖြေရှင်းသွားနိုင်တဲ့အတွက် ကြီးကြီးမားမား အခက်အခဲ မရှိဘူးလို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။’’ ဟု ဒေါက်တာအောင်ခိုင်ကဖြည့်စွက်ပြောကြား ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117