Connect with us

VIDEO

တရုတ်နိုင်ငံတွင် မကြာမီ ကျရောက်မည့် အများပြည်သူအားလပ်ရက်အတွင်း တာဝန်ထမ်းဆောင်ရန် 5G နည်းပညာသုံး ရဲစက်ရုပ်ချထား

ကွမ်ကျိုး၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုံ ပြည်နယ် ကွမ်ကျိုးမြို့လည်ခေါင်တွင် 5G နည်းပညာသုံး ရဲစက်ရုပ် တစ်ရုပ်ကို စတင်မိတ်ဆက် အသုံးပြုလျက်ရှိသည်။ ၎င်းစက်ရုပ်သည် တရုတ်အမျိုးသားနေ့နှင့် ဆောင်းလယ်ကာလ အပန်းဖြေအားလပ်ရက်များတွင် မြို့အတွင်း လှည့်လည်ကာ တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ စက်ရုပ်တွင် အပူချိန်တိုင်းသာမိုမီတာ၊ ၃၆၀ ဒီဂရီ မြင်ကွင်းကြည့်ကင်မရာများနှင့် အလိုအလျောက်သွားလာသည့်စနစ်နှင့် အချက်ပေးသံမြည်သည့်စနစ် စသည်တို့အား ထည့်သွင်းထားသည်။ စက်ရုပ်ရဲဝန်ထမ်းသည် ပတ်ဝန်းကျင်တစ်ခုလုံးကိုစကန်ဖတ်ပြီး မှတ်ဉာဏ်မြေပုံဖြင့် သိမ်းဆည်းကာ ၂၄ နာရီလုံး ဆက်တိုက် စောင့်ကြပ်ကြည့်ရှုနိုင်ကြောင်း သိရသည်။

စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်း ဖြစ်သည့် China Unicom ကုမ္ပဏီ ကွမ်ကျိုး ဌာနခွဲမှ တာဝန်ရှိသူ Zhang Tao က “ပထမဆုံး ဒီ မျက်လုံးနှစ်လုံး ပုံစံ တွေကတော့ ရုပ်ထွက်အားကောင်းတဲ့ HD ကင်မရာနဲ့ အပူချိန်တိုင်းကင်မရာတွေပါ၊ စက်ရုပ်က ၁.၈ မီတာ အမြင့်အထိ မြင်နိုင်အောင် တီထွင်ထားပါတယ်၊ နေ့စဉ် တာဝန်ထမ်းဆောင်စဉ်မှာ ပတ္တရောင်လှည့်တဲ့ ကားတစ်စင်းအဖြစ်လည်းတာဝန်ယူနိုင်ပါတယ်၊ ပြီးတော့ ဒါကတော့ အရေးပေါ် ကယ်ဆယ်ရေး အချက်ပြခလုတ်ပါ ၊ အရေးပေါ်အခြေအနေတစ်ခုခုကြုံရတဲ့အခါ အနီးပတ်ဝန်းကျင်ရှိလူများက ဒီ ခလုတ် ကို နှိပ်ကာ အကူအညီတောင်းခံနိုင်မှာဖြစ်ပါတယ်၊ ဒီခလုတ်ကိုနှိပ်လိုက်တာနဲ့ ရဲဝန်ထမ်းတွေက ချက်ချင်းသိရှိနိုင်မှာဖြစ်ပြီး အခင်းဖြစ်ပွားရာကို ချက်ချင်းရောက်ရှိလာမှာပါ” ဟုဆိုသည်။   (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.