VIDEO
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့က မြန်မာ့တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား သင်ကြားပြသမှုများ ပြုလုပ်
ရန်ကုန် ၊ မေ ၈ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် မြန်မာ့တပ်မတော်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ရေး စီမံခန့်ခွဲမှုဆိုင်ရာများကို မေ ၇ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ မြို့နယ်ရှိ အမှတ် ၁ တပ်မတော်ဆေးရုံ၌ လေ့ကျင့်သင်ကြားပြသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင် ပါမောက္ခ Dr. Bai Chong က မြန်မာ့တပ်မတော်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ရေး စီမံခန့်ခွဲမှုများတွင် အခက်အခဲများ ၊ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး နည်းလမ်းများ ၊ COVID-19 ရောဂါ ကူးစက်ပုံများ ၊ တစ်ကိုယ်ရေ ကာကွယ်မှုများ ၊ ဆေးဘက်ဆိုင်ရာ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ရာတွင် လုပ်ဆောင်ရမည့် လမ်းညွှန်ချက်များ ၊ ကျန်းမာရေး ဝန်ထမ်းများ ရောဂါကူးစက်မှု မရှိစေရေး အတွက် အကာအကွယ် နှာခေါင်းစည်း နှင့် PPE ဝတ်စုံများ ဝတ်ဆင်ရာတွင် ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့က မြန်မာ့တပ်မတော်မှ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ (PPE) ၊ နှာခေါင်းစည်း ၊ ခေါင်းစွပ် ၊ ခွဲစိတ်ခန်းသုံး ဝတ်စုံ နှင့် အောက်စီဂျင်စက် တပ်ဆင် အသုံးပြု ဝတ်ဆင်ပုံ အဆင့်ဆင့်အား ရုပ်သံဖြင့်လည်း ပြသခဲ့ပြီး ကိုယ်တိုင် သရုပ်ပြ ဝတ်ဆင်ခြင်းများအားလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာ့တပ်မတော်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)၌ တာဝန် ထမ်းဆောင်ရန် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် အယောက် ၄၀ ဦးအား ဧပြီ ၁၉ ရက်တွင် စေလွှတ်ခဲ့ပြီးနောက် ယခုအခါ ဒုတိယ အဖွဲ့ အဖြစ် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် အယောက် ၄၀ ဦးအား ထပ်မံ စေလွှတ်ပြီး ပထမ အဖွဲ့ နှင့် အလဲအလှယ် တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)