Connect with us

VIDEO

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့က မြန်မာ့တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား သင်ကြားပြသမှုများ ပြုလုပ် 

ရန်ကုန် ၊ မေ ၈ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့သည် မြန်မာ့တပ်မတော်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ရေး စီမံခန့်ခွဲမှုဆိုင်ရာများကို  မေ ၇ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ မြို့နယ်ရှိ အမှတ် ၁ တပ်မတော်ဆေးရုံ၌ လေ့ကျင့်သင်ကြားပြသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင် ပါမောက္ခ Dr. Bai Chong က  မြန်မာ့တပ်မတော်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ရေး စီမံခန့်ခွဲမှုများတွင် အခက်အခဲများ ၊ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး နည်းလမ်းများ ၊ COVID-19 ရောဂါ ကူးစက်ပုံများ ၊ တစ်ကိုယ်ရေ ကာကွယ်မှုများ ၊ ဆေးဘက်ဆိုင်ရာ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ရာတွင် လုပ်ဆောင်ရမည့် လမ်းညွှန်ချက်များ ၊ ကျန်းမာရေး ဝန်ထမ်းများ ရောဂါကူးစက်မှု မရှိစေရေး အတွက် အကာအကွယ် နှာခေါင်းစည်း နှင့်  PPE ဝတ်စုံများ ဝတ်ဆင်ရာတွင် ဆောင်ရွက်ရမည့် အချက်များအား  ရှင်းလင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့က မြန်မာ့တပ်မတော်မှ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအား တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ (PPE) ၊ နှာခေါင်းစည်း ၊ ခေါင်းစွပ် ၊ ခွဲစိတ်ခန်းသုံး ဝတ်စုံ နှင့် အောက်စီဂျင်စက် တပ်ဆင် အသုံးပြု ဝတ်ဆင်ပုံ အဆင့်ဆင့်အား ရုပ်သံဖြင့်လည်း ပြသခဲ့ပြီး ကိုယ်တိုင် သရုပ်ပြ ဝတ်ဆင်ခြင်းများအားလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

မြန်မာ့တပ်မတော်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)၌ တာဝန် ထမ်းဆောင်ရန် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် အယောက် ၄၀ ဦးအား ဧပြီ ၁၉ ရက်တွင် စေလွှတ်ခဲ့ပြီးနောက် ယခုအခါ ဒုတိယ အဖွဲ့ အဖြစ် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် အယောက် ၄၀ ဦးအား ထပ်မံ စေလွှတ်ပြီး ပထမ အဖွဲ့ နှင့် အလဲအလှယ် တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.