Connect with us

VIDEO

ကျောက်ဖြူမြို့နယ်တွင် COVID-19 ကာကွယ် ရေး အတွက်CITIC Group မှ ဆန်တန်ချိန် ၃၀ နှင့် ပိုးသတ်ဆေးဖျန်းစက် ၁၀ လုံး လှူဒါန်း

ရန်ကုန် ၊ မေ ၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရှိ ပြည်သူများ COVID-19 ရောဂါ ကာကွယ်ရေးအတွက် တရုတ် နိုင်ငံ CITIC Group က  မေ၇ ရက် တွင် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ဆန်တန်ချိန် ၃၀ နှင့် ပိုးသတ်ဆေးဖျန်းစက် ၁၀ လုံးအား  ကျောက်ဖြူမြို့နယ် အလှူလက်ခံရေး ကော်မတီ ကိုယ်စားလှယ် ဦးအေးစံ ထံသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီး အခမ်းအနား သို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ထန်ဆူးဖူ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တက်ရောက် ခဲ့ကြကြောင်းသိရသည်။

အခမ်းအနား တွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ထန်ဆူးဖူ၊CITIC Myanmar ၏ Deputy Managing Director Mr. Sun Tiejun နှင့် ကျောက်ဖြူမြို့နယ် အလှူလက်ခံရေး ကော်မတီ ကိုယ်စားလှယ် ဦးအေးစံ တို့က လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျေးဇူးတင်စကားအသီးသီး ပြောကြားခဲ့ကြသည်။

CITIC Group အနေဖြင့် အကျိုးအမြတ်ပဓာန မထားသော လူထုအကျိုးပြုလုပ်ငန်းများ(CSR)ကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြောင်း ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအား

စတင်အကောင်အထည်ဖော် သည့် တစ်ချိန်တည်းမှာပင် CITIC Group အနေဖြင့် ကျေးလက်ရန်ပုံငွေစီမံကိန်း၊ ရေဘေးကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခြင်းနှင့် လေကြောင်းဖြင့် ကူညီထောက်ပံ့ရေးအစီအစဉ်များ၊ မေတ္တာကျောပိုးအိတ်နှင့် ရှပ်အင်္ကျီများလှူဒါန်းခြင်း၊ ကျောက်ဖြူYouth Capacity Building စီမံကိန်းများစသည်တို့တွင် အမေရိကန်‌ဒေါ်လာ ၄,၀၀၀,၀၀၀ ခန့် ကို ကျောက်ဖြူဒေသနှင့် ဒေသခံများ၏အကျိုးအတွက် အသုံးပြုထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.