ဝါရှင်တန်၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်၏ ရာထူးအပ်နှံပွဲကျင်းပမည့် ဇန်နဝါရီ ၂၀ ရက်ကို လွှမ်းခြုံကာ ဇန်နဝါရီ ၂၄ ရက်အထိ နိုင်ငံ၏မြို့တော် ဝါရှင်တန်မြို့အား အရေးပေါ်အခြေအနေကြေညာရန် တနင်္လာနေ့က အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ မှ ဒီဇင်ဘာလအထိ မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှု ၂,၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သန်းပေါင်း၆,၆၄၀ ဒသမ ၀၇ သန်းရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးဦးကျော်နိုင်က ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ...
ဝါရှင်တန် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန က ကျူးဘားနိုင်ငံ အား “အကြမ်းဖက်ဝါဒ ထောက်ခံအားပေးသည့် နိုင်ငံ” အဖြစ် သတ်မှတ်ခဲ့ပြီး ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bruno Rodríguez Parrilla က အမေရိကန်၏ ယင်းဆောင်ရွက်မှုအပေါ် ဇန်နဝါရီ ၁၁...
ကွာလာလမ်ပူ၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအား ရပ်တန့်နိုင်ရန်အတွက် နိုင်ငံအတွင်း အရေးပေါ်အခြေအနေတစ်ရပ်ကြေညာရန် မလေးရှားဘုရင်မင်းမြတ် ဆူလ်တန်အာမတ်ရှန်က ခွင့်ပြုပေးခဲ့ကြောင်း မလေးရှားနိုင်ငံဝန်ကြီးချုပ်မူယီဒင်ယာဆင်(Muhyiddin Yassin)က ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် COVID-19 ဗိုင်းရပ်စ် မူလဇစ်မြစ်နှင့် ကူးပြောင်းရာလမ်းကြောင်းကို ကမ္ဘာ့သိပ္ပံနည်းကျ သုတေသနပြုရန် နိုင်ငံအားလုံးမှ သိပ္ပံပညာရှင်များကို ပံ့ပိုးသွားမည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦးဆောင်မှုအောက်ရှိ ဗိုင်းရပ်စ်၏ တိရစ္ဆာန်ဇစ်မြစ်အပေါ် ရှာဖွေခြင်းပူးပေါင်းဆောင်ရွက်မှု၌ အဖွဲ့ဝင်နိုင်ငံများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း...
ရောမ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အီတလီနိုင်ငံ ANSA နှင့် la Repubblica စသော သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အီတလီနိုင်ငံ မီလန်တက္ကသိုလ် မှ ဦးဆောင်သော နိုင်ငံတကာ သုတေသန အဖွဲ့ က နိုင်ငံအတွင်းရှိ အရေပြားရောဂါ ဝေဒနာရှင်...
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖူကျန့်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့် တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် longyan မြို့Changting ကောင်တီတွင် နေထိုင်သည့် Li Shishui အမည်ရသော လက်မှုပညာရှင် တစ်ဦးသည် မြေးဖြစ်သူအား ကစားစရာများကို သစ်သားတစ်မျိုးထဲအသုံးပြု ကာ ဖန်တီးပြုလုပ်ပေးခဲ့သည်။ ဖိုးဖိုးလီ၏ လက်မှုပညာဖြင့်ပြုလုပ်ထားသည့်အရုပ်များအား...
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
လစ္စဘွန်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပေါ်တူဂီနိုင်ငံ သမ္မတ Marcelo Rebelo de Sousa တွင် COVID-19 ရောဂါကူးစက်ခံရကြောင်း ပေါ်တူဂီသမ္မတရုံး တရားဝင်ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၁၁ ရက်ညပိုင်းက ထုတ်ခဲ့သည်။