ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်မှ မန္တလေးမြို့သို့ ပို့ဆောင်မည့် ငွေကျပ် ၁.၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေဆဲဖြစ်ရာ နေရာအမြောက်အမြားတွင် တွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည်လည်း ကပ်ရောဂါ၏ မရေရာမှုများစွာကို ဖြစ်ပေါ်လာစေခဲ့ပြီး နှစ်သစ်ကူးကာလ ရောဂါထိန်းချုပ်ရေးအခြေအနေများ ဆိုးဝါးလာခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့မီးရထားက တရုတ်နိုင်ငံ မှတစ်ဆင့် မှာယူတင်သွင်းထားသော အဲကွန်း လေအိတ်ရထားတွဲသစ်များသည် အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက မြန်မာ-တရုတ် နှစ်နိုင်ငံ အင်ဂျင်နီယာများ အနေဖြင့် ရထားတွဲဆိုင်းများနှင့်...
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အဓိကအသုံးပြုသော အဝင်/အထွက်ဂိတ် ဖြစ်သည့် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်ကို ဇန်နဝါရီ ၅ ရက်မှ စတင်၍ ၂၄ နာရီ အချိန်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း မူဆယ်မောဝ်ရွှေလီကုန်သွယ်မှု ဗဟိုဌာနတာဝန်ခံ ဦးနေမျိုးထိုက်ကျော်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းစုစည်းချက် – ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း လူပေါင်း ၆ သောင်းကျော် ရောဂါထပ်မံကူးစက်ခံရ ကြောင်း နှင့် ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ပြန်လည်ကြေညာဖွယ်ရှိ ကြောင်း သိရသည်။
မနီလာ၊ဇန်နဝါရီ၆ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ရှိ ဟိုတယ်တစ်လုံးတွင် လာရောက်ကြသော ဧည့်သည်များ COVID-19 ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန်အလို့ငှာ ကြိုးပမ်းအားထုတ်မှုတစ်ရပ်အနေဖြင့် ဘက်စုံသုံး ပလက်စတစ် ပူဖောင်း သီးသန့်အလုံပိတ် စားသောက်ခန်းငယ်များကို ဖွင့်လှစ်ထားကြောင်း သိရသည်။ အဆိုပါ သီးသန့်အလုံပိတ်အခန်းငယ်များကို တစ်ခုနှင့်တစ်ခု ခပ်ခွာခွာ နေရာချထားပြီး လာရောက်စားသောက်ကြသော ဧည့်သည်များ ဘေးကင်း လုံခြုံ စိတ်ချမ်းမြေ့စွာ...
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း (ခ) (နောက်ဆက်တွဲ) သင်တန်းများနှင့် သူနာပြုတက္ကသိုလ် (နောက်ဆုံးနှစ်) သင်တန်းများဖွင့်လှစ်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ ခွင့်ပြုခဲ့သဖြင့် မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
ဂျကာတာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ နိုင်ငံတော် ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ Biofarma သို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် ဒေသအများအပြားသို့ ဖြန့်ဝေပေးသွားမည့် Soekarno-Hatta လေဆိပ်၌ ရောက်ရှိနေပြီဖြစ်သော COVID-19 ကာကွယ်ဆေးများကို စောင့်ကြပ်ရန် ရဲတပ်ဖွဲ့နှင့်...
ဂျကာတာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ နိုင်ငံတော် ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ Biofarma သို့ ပို့ဆောင်ကာ ထိုမှတစ်ဆင့် ဒေသအများအပြားသို့ ဖြန့်ဝေပေးသွားမည့် Soekarno-Hatta လေဆိပ်၌ ရောက်ရှိနေပြီဖြစ်သော COVID-19 ကာကွယ်ဆေးများကို စောင့်ကြပ်ရန် ရဲတပ်ဖွဲ့နှင့်...
ဂျီနီဗာ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ပြီးခဲ့သော ၁၀ လတာ ကာလအတွင်း ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါဖြင့်သေဆုံးခဲ့ရသည့် သတင်းသမား အနည်းဆုံး ၆၀၂ ဦးထိ ရှိခဲ့ကြောင်း ၊ ယင်းမှာ ၂၀၂၀ ပြည့်နှစ် မတ် ၁ လရက်မှစ၍ တစ်လလျှင် သတင်းသမား...