ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လာမည့်အပတ်မှစ၍ COVID-19 နှင့်ပတ်သက်သော အစီအစဉ်များ အနည်းငယ်ပြောင်းမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် စီးပွားရေးဆိုင်ရာ ပညာပေး အစီအစဉ်များထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 အတည်ပြုလူနာသစ် (၁,၅၃၂) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၇၆,၄၁၄) ဦးရှိလာပြီဖြစ်ကြောင်း၊ ယနေ့တွင် (၁၉)ဦးထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၆၉၅) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၀ ရက်ည ၈နာရီ...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ စားသုံးသူတိုင်ကြားမှုပေါင်း ၁၁၇၅ ခုရှိခဲ့ကြောင်း၊ အဆိုပါတိုင်ကြားမှုများ အနက် အင်တာနက်ဆက်သွယ်ရေးဆိုင်ရာတိုင်ကြားမှုမှာ အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ဆင်ဟွာသို့ နိုဝင်ဘာ ၂၀ ရက်တွင်ပြောသည်။
စင်ကာပူ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မလေးရှားနိုင်ငံသည် အန္တရာယ်ကင်း၍ ဆေးစွမ်းထက်သော COVID-19 ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုကို တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံတွင် တရုတ်ဘာသာစကားဖြင့် ထုတ်ဝေသော Lianhe Zaobao သတင်းစာအရ သိရသည်။
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးလ်လေကြောင်းသွားလာမှုလုပ်ငန်းသည် COVID-19 ကပ်ရောဂါ၏ပြင်းထန်သည့် သက်ရောက်မှုမှ ပြန်လည်ဦးမော့လာခဲ့ပြီး ဒီဇင်ဘာတွင် ပြီးခဲ့သည့်နှစ် အလားတူကာလက စာရင်းရှိခဲ့သည့်ပမာဏ၏ ၈၀ ရာခိုင်နှုန်း ပြန်လည်ပတ်နိုင်ရန်မျှော်လင့်ထားကြောင်း လုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်များက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
နန်နင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အား အထောက်အပံ့ဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးမြှင့်တင်မှု ဆောင်ရွက်ချက်များစွာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြပွဲ၏ အတွင်းရေးမှူးရုံးက နိုဝင်ဘာ...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ COVID-19ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အတွက် ငွေကျပ်သိန်း ၇၀၀၀ ကို ယနေ့နိုဝင်ဘာ ၂၀ ရက်တွင်လှူဒါန်းခဲ့ပြိး အခမ်းအနားကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ် (၁) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကင်ဘာရာ ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုးသြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ တပ်မှူး Angus John Campbell က နိုဝင်ဘာ ၁၉ ရက်တွင် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတစ်ရပ်အား ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိသြစတြေးလျနိုင်ငံ တပ်ဖွဲ့ တွင် တာဝန်ထမ်းဆောင်နေသော သို့မဟုတ် တာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင် ၂၅...
ပေကျင်း ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး ၂၀၂၀ ပြည့်နှစ် APEC စီးပွားရေးခေါင်းဆောင်များ တရုတ်ဖိုရမ် အား နိုဝင်ဘာ ၁၉ ရက်တွင် ပေကျင်းမြို့ ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဖိုရမ်တွင် ဒီဂျစ်တယ် ကုန်ထုတ်လုပ်မှုစွမ်းရည်ကို ခေါင်းစဉ်အဖြစ် ထားရှိကာ ဒီဂျစ်တယ်နည်းပညာ၏ ခေတ်သစ်...
မော်စကို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါအား မည်ကဲ့သို့ အောင်မြင်စွာ ထိန်းချုပ်ထားသည်ဆိုသည်ကို အခြားသော နိုင်ငံများအတွက် နမူနာကောင်းတစ်ခုအဖြစ် တည်ရှိကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။