ဖနွမ်းပင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ကမ္ဘောဒီယားနိုင်ငံရှိ မြို့ကြီးနှင့် ပြည်နယ် ၂၅ ခုအနက် ၁၉ ခုတွင် အပူပိုင်းမုန်တိုင်းကြောင့် မိုးရွာသွန်းမှုဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ လူ ၁၃ ဦး သေဆုံး၍ ၁၂, ၃၇၆ ဦးကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ချင်းပြည်နယ်ရှိ ပထမဆုံးလေဆိပ်ဖြစ်သော ဆူရ်ဘုန်လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်သောကြောင့် ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်ကြားတွင် လေယာဉ်စတင်စမ်းသပ်ပြေးဆွဲမည်ဖြစ်ကြောင်း၊ လေယာဉ်ပုံမှန်ပြေးဆွဲရန် အတွက် COVID-19 ရောဂါအခြေအနေပေါ်မူတည်မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို က ဆင်ဟွာသို့...
အစ္စလာမ်မာဘတ် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)ပါကစ္စတန်နိုင်ငံစစ်ဘက်ဆိုင်ရာက အောက်တိုဘာ ၁၅ ရက်၌ နိုင်ငံအတွင်းအကြမ်းဖက်တိုက်ခိုက်မှု ၂ ခုဖြစ်ပွားခဲ့ပြီး စုစုပေါင်းလူ ၂၀ ဦး သေဆုံးခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့၌ ပြည်ပ အကြံပေးများ ခန့်ထားခြင်း လုံး၀ မရှိကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များ စာမျက်နှာမှ တစ်ဆင့်...
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ကပ်ရောဂါကူးစက်မှုနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များရှိနေမှုအပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်မှုများ၊ ရန်လိုမှုများနှင့် ပြသာနာများအား ရပ်တန်းကရပ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့ (အောက်တိုဘာ ၁၅ ရက်) ညပိုင်းထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၂,၀၀၀ ကျော်ရှိလာပြီး ရောဂါပျောက်ကင်း၍ ဆေးရုံကဆင်းခွင့်ရသူ ၁၄,၇၀၆ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၆၂လမ်းပေါ်ရှိ UAB ဘဏ်ခွဲတစ်ခုဖြစ်သော မန္တလေး(စက်မှုဇုန်) ဘဏ်ခွဲတွင် ယနေ့( အောက်တိုဘာ ၁၅ ရက်) ညနေပိုင်းက သေနတ်ကိုင်ဆောင်ထားသူတစ်ဦး လာရောက်ဓါးပြတိုက်ပြီး ကျပ် သိန်း၂၀၀ခန့် ယူဆောင်သွားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ဝူးလူမုချိ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗို့အားအလွန်မြင့်မားသည့် ဓာတ်အားလိုင်းသစ် စတင်လည်ပတ်နေပြီဖြစ်ပြီး ဒေသတွင်း ၇၅၀ ကေဗီ ဓာတ်အားကွန်ရက် လွှမ်းခြုံနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အထိ မြန်မာတစ်နိုင်ငံလုံးတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်သည့်အိမ်ခြေပေါင်း ၄၀၃,၇၆၇ ရှိကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန် ၆၆၉,၆၈၅ ဒသမ ၂၉၁ တန်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၁၃၆ သန်းရရှိကာ ယခင်ဘဏ္ဍာနှစ်ထက် မက်ထရစ်တန် ၈၆,၀၀၈ ဒသမ ၉၃၇...