Connect with us

Africa & Middle East

လွန်ခဲ့သည့် နှစ်ပေါင်း (၄,၃၀၀)ကျော်က မိဖုရားကြီး၏ ဂူဗိမာန်အား အီဂျစ်တွင် တူးဖော်တွေ့ရှိ

အီဂျစ်နိုင်ငံ Giza ပြည်နယ် Saqqara ဒေသတွင် တူးဖော်ရရှိသော ကျောက်သားခေါင်းတလားအား ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

လွန်ခဲ့သည့် နှစ်ပေါင်း (၄,၃၀၀) ကျော် ရှေးအီဂျစ်တိုင်းပြည် ဆဋ္ဌမမြောက်မင်းဆက် တည်ထောင်သူ ဖာရိုဘုရင် Teti ၏ မိဖုရားတစ်ပါး ဂူဗိမာန်ကို ပြီးခဲ့သည့်ရက်များက Giza ပြည်နယ် Saqqara ဒေသ၌ တူးဖော်တွေ့ရှိရကြောင်း အီဂျစ်ပူးတွဲရှေးဟောင်းသုတေသနအဖွဲ့က ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာခဲ့သည်။

“ကျွန်တော်တို့ ၂၀၁၀ ခုနှစ်လောက်က ဒီနေရာမှာ ပိရမစ်တစ်ခုရှိတယ်ဆိုတာ တွေ့ရတယ်။ အဲ့ဒီတုန်းက ပိရမစ်ပိုင်ရှင်အမည်ကို မသိခဲ့ပါဘူး။ ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ ဂူဗိမာန်တစ်ခုကို တူးဖော်မိတယ်။ ဂူဗိမာန်မှာ ရေးသားထားတဲ့စာတွေကတစ်ဆင့် ဒီဗိမာန်နဲ့ ပိရမစ်ရဲ့ ပိုင်ရှင်ဟာ ဖာရိုဘုရင် Teti ၏ မိဖုရားကြီး Neit ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်။” ဟု ရှေးဟောင်းသုတေသန အဖွဲ့ခေါင်းဆောင်၊ အီဂျစ်နာမည်ကျော် ရှေးဟောင်းသုတေသနပညာရှင် Zahi Hawass က ဂူဗိမာန်တွေ့ရှိရာနေရာတွင် ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ Gizaပြည်နယ် Saqqaraဒေသတွင် တူးဖော်ရရှိသော သစ်သားခေါင်းတလားအား ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ Gizaပြည်နယ် Saqqaraဒေသတွင် ရှေးဟောင်းသုတေသန တူးဖော်မှုနေရာအား ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 အီဂျစ်နိုင်ငံ Gizaပြည်နယ် Saqqaraဒေသတွင် တူးဖော်ရရှိသည့် ကျောက်စာအား ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ Gizaပြည်နယ် Saqqara ဒေသတွင် တူးဖော်ရရှိသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများအား ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုအကြိမ် တူးဖော်တွေ့ရှိမှုမတိုင်မီ ရှေးဟောင်းသုတေသနလောက၌ ဖာရိုဘုရင် Teti တွင် မိဖုရားကြီး (၂)ပါးသာရှိသည်ဟု မှတ်ယူခဲ့ကြကြောင်း၊ ယခုရှာဖွေတွေ့ရှိမှုသည် ဖာရိုဘုရင် Teti တွင် တတိယမြောက် မိဖုရားကြီးရှိသည်ကို သက်သေထူနိုင်ခဲ့ကြောင်း Zahi Hawass ပြောကြားချက်များအရ သိရသည်။ ၎င်းမှာ Neit အမည်ရှိ မိဖုရားကြီး၏နာမည်ကို ရှေးအီဂျစ်သမိုင်းတွင် ပထမဆုံး ထည့်သွင်း ရေးသားနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

Saqqara ဒေသသည် ရှေးအီဂျစ် ယဉ်ကျေးမှုအမွေအနှစ်ကျန်ရစ်ရာ ဗဟိုအချက်အချာနေရာဖြစ်ကာ ဖာရိုဘုရင်ကြီးများ၏ ပိရမစ်နှင့် မင်းညီမင်းသား မှူးမတ်မျိုးနွယ်များ၏ သင်္ချိုင်း ဂူဗိမာန်များစွာ တည်ရှိပြီး ၎င်းတို့အနက် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် အထပ်ဆင့် ပိရမစ် (step pyramid) လည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)
——————————————–
(Chinese Version)
(文化)埃及发掘出4300年前古埃及王后陵庙
新华社开罗1月17日电(记者李碧念 马哈茂德•富利)埃及一支联合考古队17日宣布,考古队日前在吉萨省塞加拉地区发掘出4300年前古埃及第六王朝开国法老朱塞尔•特提一名王后的陵庙。
 考古队领队、埃及著名考古学家扎希•哈瓦斯在发掘现场接受新华社记者采访时说:“我们2010年在这一地区发现了一座金字塔,但当时不知道主人的名字。16日,我们发掘出了一座陵庙,通过陵庙上的文字确认陵庙和金字塔的主人名叫奈特,为朱塞尔•特提法老的王后。”
  据哈瓦斯介绍,在此次考古发掘之前,考古学界普遍认为特提法老只有两位王后,此次发掘证实他还有第三位王后。这也是“奈特”这位王后的名字首次被写入古埃及历史。
 塞加拉地区是古埃及文明核心遗址,多位法老的金字塔和许多贵族的墓地位于此地,其中包括最古老的阶梯金字塔。(完)
图说1:
新华社照片,吉萨(埃及),2021年1月18日
(国际)埃及发掘出4300年前古埃及王后陵庙
这是1月17日在埃及吉萨省塞加拉地区拍摄的出土石棺。新华社发(艾哈迈德•戈马摄)
图说2-4:
这是1月17日在埃及吉萨省塞加拉地区拍摄的出土木棺。新华社发(艾哈迈德•戈马摄)
图说5:
这是1月17日在埃及吉萨省塞加拉地区拍摄的考古发掘现场。新华社发(艾哈迈德•戈马摄)
图说 6:
这是1月17日在埃及吉萨省塞加拉地区拍摄的出土石碑。新华社发(艾哈迈德•戈马摄)
图说7-10:
这是1月17日在埃及吉萨省塞加拉地区拍摄的出土文物。