မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဖိလစ်ပိုင်နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဇန်နဝါရီ ၁၆ ရက်က တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းနှင့်အတူ ကန်ဒေါ်လာ သန်း(၉၄၀) တန်ဖိုး ရှိ သည့် Subic-Clark ရထားလမ်းစီမံကိန်းအား သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ယင်းနေ့ သတင်းများအရ သိရသည်။ အဆိုပါစီမံကိန်းသည်...
ဝါရှင်တန်၊ဇန်နဝါရီ၁၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bower က ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲနီးကပ်လာသည်နှင့်အမျှ မြို့တော်၏ လူနေရပ်ကွက်တွင် ဖြစ်လာနိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂ဝပြည့်နှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၇၅၅သန်းကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထွဋ်ဦး က ပြောကြားသည်။
ဘရာဇီးလီယား၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ SINOVAC ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဘရာဇီး အမျိုးသား ကျန်းမာရေးကဏ္ဍကြီးကြပ်မှုဌာန (Anvisa)က ဇန်နဝါရီ ၁၇ ရက်တွင်ကြေညာခဲ့သည်။ ဘရာဇီး၏ ပထမအသုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူသူများအား ယင်းနေ့တွင် တရုတ်နိုင်ငံ၏ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူသည် သုံးရက်ဆက်တိုက် ၂ရာခိုင်နှုန်းကျော်သို့ ကျဆင်းလာခဲ့ကြောင်း ယနေ့ ညပိုင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် လားရှိုးမြို့နယ် နောင်လိုင်ကျေးရွာအနီး လားရှိုး-နမ္မတူ သွား ကားလမ်းပေါ်တွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း ၂,၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ ဇန်နဝါရီ...
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဇန်နဝါရီ ၁၆ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၁၀၉ ဦး ရှိရာ...
အန်ကာရာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တူရကီနိုင်ငံတွင် ဇန်နဝါရီ ၁၄ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအား တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးမှု စတင်ဆောင်ရွက်ခဲ့သည်။ တူရကီ ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ဇန်နဝါရီ ၁၅ ရက်အထိ COVID-19ကာကွယ်ဆေး ထိုးနှံပြီးသူ ကျန်းမာရေးဝန်ထမ်း (၆)...
ပါရီ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19ကပ်ရောဂါအခြေအနေ တည်ငြိမ်မှုများ မရှိသေးခြင်းကြောင့် ဇန်နဝါရီ ၁၆ ရက်မှစ၍ ပြင်သစ်တွင် ညမထွက်ရအမိန့်တားမြစ်ချက်အား တစ်နိုင်ငံလုံးတွင် တိုးချဲ့ကျင့်သုံးလျက်ရှိကြောင်းသိရသည်။
မနီလာ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဖိလစ်ပိုင် လေတပ်(PAF)၏ ရဟတ်ယာဉ်တစ်စီးဖြစ်သည့် UH-1 “Huey”သည် ဇန်နဝါရီ ၁၆ ရက်က နိုင်ငံတောင်ပိုင်း Bukidnonပြည်နယ်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါ လူ(၇)ဦးစလုံး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။