ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် တိုင်းရင်းသားဒေသအလိုက် စာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေပေါင်း ၆၇ ခု အထိသင်ကြားခွင့်ရရှိရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အတည်ပြုပြီးဖြစ်ကြောင်း၊ ယင်းစာပေများကို ၂၀၂၁-၂၀၂၂ စာသင်နှစ်တွင် သင်ကြားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာပေများသင်ကြားမည့် ဆရာ၊ဆရာမများလည်းခန့်ထားရန် အသင့်စီစဉ်ပြီးဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဆင်ဟွာသို့...
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန် သက်တမ်းနှစ်ပေါင်းရာချီရှိပြီး ယခုအခါတွင် လေ့ကျင့်ခန်းပုံစံတစ်ခုအဖြစ် ရေပန်းစားလျက်ရှိသော တရုတ် ထိုက်ချိကိုယ်ခံပညာရပ်ကို ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က လူသားမျိုးနွယ်ကို ကိုယ်စားပြုသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဒီဇင်ဘာ ၁၇ ရက် ပေကျင်းစံတော်ချိန်...
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သော Chang’e-5 အာကာသယာဉ်၏ လမျက်နှာပြင်မှ နမူနာပစ္စည်းများ ပြန်လည်သယ်ဆောင်လာသည့်အခန်းသည် ပေကျင်းမြို့တော်ရှိ တရုတ် အာကာသနည်းပညာအကယ်ဒမီသို့ ပြန်လည်ရောက်ရှိလာသည်ကို ပြည်သူများ ဝိုင်းဝန်းကြိုဆိုခဲ့ကြသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ပြည်တွင်းလေဆိပ်တွင် ပျံသန်းပြေးဆွဲပေးလျက်ရှိသော ပြည်တွင်းလေကြောင်းလိုင်းငါးခုအနက် သုံးခု စတင်ပြေးဆွဲပျံသန်းနေပြီဖြစ်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL)က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မြန်မာနိုင်ငံတွင် အိမ်ထောင်စုများ၏ ၄၉.၃ရာခိုင်နှုန်းခန့်ကသာ အစာအုပ်စုစုံလင်စွာစားသုံးနေရကြောင်း မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေလေ့လာရေး စစ်တမ်း (၂၀၁၇-၁၈)အရ သိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ကျင်းပသော မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့်ဦးဆောင်ကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး၌...
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ(၂၃,၁၈၈) ခုအား စစ်ဆေးရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၈၂) ဦး တွေ့ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညပိုင်း ထုတ်ပြန်သော စာရင်းများအရသိရသည်။
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် အောက်တိုဘာလအထိ ဥရောပသမဂ္ဂ (EU) ၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း Eurostat က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ပဲရစ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) သည် COVID-19 ရောဂါ ကူးစက်ခံရကြောင်း သမ္မတရုံးက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) ————————————(English Version)...
နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ရွေးချယ်ခြင်းမခံရသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် စည်ပင်ဧည့်ရိပ်သာရှိ ကျန်ရှိပစ္စည်းများအား သိမ်းဆည်းရန်နှင့် တည်းခိုနေထိုင်ခဲ့သည့် အခန်းများ ပြန်လည်အပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကော်မတီ အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များထံ အကြောင်းကြားထားကြောင်း သိရသည်။
ရောမ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီတလီနိုင်ငံတွင် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များအကြား အစည်းအဝေးကျင်းပပြီးနောက် လူအများအပြား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ခွင့်ပြုခဲ့ကြောင်း သိရသည်။