Connect with us

WORLD

အီတလီနိုင်ငံတွင် နိုင်ငံအဆင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် ခွင့်ပြုချက်ရရှိ

အီတလီနိုင်ငံ ဘိုလော့နာမြို့ရှိ Sant'Orsola-Malpighi ဆေးရုံ COVID-19 ကုသဆောင်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အီတလီနိုင်ငံတွင် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များအကြား အစည်းအဝေးကျင်းပပြီးနောက် လူအများအပြား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ခွင့်ပြုခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံ အစိုးရ ဝန်ကြီးများအဖွဲ့နှင့် ဒေသပေါင်း ၂၀ ဖြင့်ဖွဲ့စည်းထားသော ပြည်နယ် နှင့် ဒေသ ဆွေးနွေးပွဲ ကွန်ဖရင့်ပြီးနောက် အရေးပေါ် ကိုရိုနာဗိုင်းရပ်စ် အထူးကော်မရှင်နာ Domenico Arcuri က ထုတ်ပြန်သည့် ကြေညာချက်ဖြင့် လူအများအပြားပါဝင်သော ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီအစဉ်ကို ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများကဲ့သို့သော COVID-19 ကူးစက်နိုင်ခြေမြင့်မားသည့် လူဦးရေးအုပ်စုများဖြင့် စတင်မည်ဖြစ်ကြောင်း၊ ယင်းနောက်တွင် ပုံမှန်ပြည်သူများထံ တိုးချဲ့သွားမည်ဖြစ်ကြောင်း Arcuri ၏ ရုံးက ဆိုသည်။

“ကာကွယ်ဆေးထိုးနှံခြင်း ကမ်ပိန်းကို Pfizer ဆေးကုမ္ပဏီမှ ဖြန့်ဖြူးထားသော COVID-19 ကာကွယ်ဆေး ၁,၈၃၃,၉၇၅ လုံးဖြင့် စတင်သွားမှာဖြစ်ပါတယ်” ဟု Arcuri က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အီတလီနိုင်ငံသည် ဥရောပသမဂ္ဂဗဟိုပြု ဝယ်ယူရေးစနစ်မှတစ်ဆင့် ဆေးဝါးများရရှိမည်ဖြစ်ကြောင်း ဥရောပ ဆေးအေဂျင်စီ (EMA) ခွင့်ပြုချက်ပေးခဲ့သည်။

အီတလီနိုင်ငံတွင် မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာပါက ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ခရစ္စမတ်ပွဲတော်ပြီးနောက် နိုင်ငံသားများကို ချက်ချင်းထိုးနှံပေးသွားမည်ဟု ကော်မရှင်နာက ဆိုသည်။

“နောက်ပိုင်းနေ့တွေမှာ လူအများအပြားပါဝင်တဲ့ ကာကွယ်ဆေးထိုးနှံမှု ပထမပိုင်းမှာ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ထမ်းတွေ၊ အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းတွေ၊ ဧည့်သည်တွေနဲ့ သက်ကြီးစောင့်ရှောက်မှုဂေဟာက ဝန်ထမ်းတွေ ပါဝင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ပြည်နယ်-ဒေသ ဆွေးနွေးပွဲ ကွန်ဖရင့်က COVID-19 အခြေအနေအလိုက် ဒေသတစ်ဝန်း ပထမဆုံး ကာကွယ်ဆေး ၁.၈ သန်း အတွက် ဖြန့်ဖြူးရေးအစီအစဉ်ကို ခွင့်ပြုခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ၂,၅၀၇,၇၀၀ ပါဝင်သော ဒုတိယအသုတ်မှာ လာမည့်သီတင်းပတ်အတွင်း အီတလီနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း ကော်မရှင်နာရုံးက ဖော်ပြထားသည်။

အီတလီနိုင်ငံတွင် ဒီဇင်ဘာ ၁၆ ရက်တွင် နေ့စဉ်ရောဂါကူးစက်မှုအသစ် ၁၇,၅၇၂ ခုရှိခဲ့ရာ စုစုပေါင်း ၁,၈၈၈,၁၄၄ အထိ ရောက်ရှိလာပြီဖြစ်ကြောင်း၊ သေဆုံးသူအနေဖြင့် ယင်းနေ့၌ ၆၈၀ ဦး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း ၆၆,၅၃၇ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။ (Xinhua)

#Italy, #COVID_19, ##Vaccine, #Vaccination, #Xinhua, #း, #ဆင်ဟွာ
————————————
(English Version)
Italy approves national plan for COVID-19 vaccination
Source: Xinhua| 2020-12-17 09:59:42|Editor: huaxia
ROME, Dec. 17 (Xinhua) — Italian authorities approved a national plan for COVID-19 mass vaccination on Wednesday after a meeting between the central government and regional governors.
The announcement came from Italy’s Extraordinary Commissioner for the Coronavirus Emergency Domenico Arcuri, after the State-Regions Conference, which comprises cabinet ministers and governors of the 20 Italian regions, approved the mass vaccination program.
The plan will begin with population groups considered at highest risk for COVID-19, such as medical staff and the elderly, and will later be expanded to the general public, Arcuri’s office said, adding that the vaccination will be free and not compulsory.
“The vaccination campaign will start with the first 1,833,975 doses of the COVID-19 vaccine distributed by (pharmaceutical company) Pfizer,” Arcuri said in a statement.
Italy will receive the vaccines through a centralized procurement system of the European Union, according to the authorization of the European Medicines Agency (EMA).
If everything goes as expected, the first doses will be given to citizens in Italy immediately after Christmas, the commissioner said.
“In the following days, the first session of mass vaccination will involve … health and welfare workers, the staff of public and private hospitals, guests and staff of nursing homes,” he added.
The state-regions conference also approved the distribution plan for the first 1.8 million doses across the regions, based on their COVID-19 situation.
The second batch of 2,507,700 doses will arrive in Italy in the following weeks, according to the commissioner’s office.
On Wednesday, Italy registered 17,572 new daily cases, bringing the total infections to 1,888,144; and with 680 new deaths reported, the nationwide death toll amounted to 66,537, according to the Health Ministry. Enditem
A medical worker works at a COVID-19 unit of the Sant’Orsola-Malpighi Hospital in Bologna, Italy, on Nov. 12, 2020. (Photo by Gianni Schicchi/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.