Connect with us

Politics, Law & Military

ရွေးချယ်ခြင်းမခံရသော လွှတ်တော်ကိုယ်စားလှယ်များ စည်ပင်ဧည့်ရိပ်သာရှိ ကျန်ရှိပစ္စည်းများ သိမ်းဆည်းရန် အကြောင်းကြား

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ရွေးချယ်ခြင်းမခံရသော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် စည်ပင်ဧည့်ရိပ်သာရှိ ကျန်ရှိပစ္စည်းများအား သိမ်းဆည်းရန်နှင့် တည်းခိုနေထိုင်ခဲ့သည့် အခန်းများ ပြန်လည်အပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကော်မတီ အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များထံ အကြောင်းကြားထားကြောင်း သိရသည်။

ဒုတိယ အကြိမ် လွှတ်တော်ကာလအတွင်း နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ တည်းခိုနေထိုင် လျက်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်များအနက် တတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပါဝင်ခြင်း မရှိသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ၁၀၆ ဦးရှိပြီး အဆိုပါ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ဒီဇင်ဘာ (၁၇) ရက်မှ (၂၂) ရက်အတွင်း ကျန်ရှိပစ္စည်းများအား လာရောက် သိမ်းဆည်းကြရန် အကြောင်းကြားထားခြင်းဖြစ်ကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် နေပြည် တော်သို့ လာရောက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုး သားအဆင့် ဗဟို ကော်မတီအဆင့်ဆင့် ၏ ထုတ်ပြန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ကြရန်နှင့် ခရီးစဉ်အား ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ညှိုနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလသည် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၃၁ရက်တွင် ကုန်ဆုံး မည်ဖြစ်ပြီး တတိယ အကြိမ်ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ပထမပုံမှန် အစည်းအဝေးများ ကို၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ် အတွင်း ကျင်းပရန်လျာထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117