Connect with us

Europe

တရုတ်နိုင်ငံက အီးယူ၏ ထိပ်တန်း ကုန်သွယ်ရေးမိတ်ဖက်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း Eurostat ပြော

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၊ Waigaoqiao မြို့တွင် ဥရောပသို့ တင်ပို့မည့် တရုတ်နိုင်ငံထုတ် Tesla Model 3 မော်တော်ယာဉ်များကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံသည် အောက်တိုဘာလအထိ ဥရောပသမဂ္ဂ (EU) ၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း Eurostat က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အီးယူ၏ ကုန်စည်ကုန်သွယ်မှုသည် ပထမ ၁၀ လတွင် ယူရို ၄၇၇ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၈၂ ဒသမ ၈ ဘီလီယံ) ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း Eurostat ထံမှ သိရသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၊ ကျိန့်ကျိုးမြို့၊ ဖူထျန်းဘူတာရုံမှ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့သို့ ထွက်ခွာမည့် တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်၊ ရှမန်မြို့ Haicang ခရိုင်ရှိ ကုန်စည်ဖြန့်ဖြူးရေးစင်တာတွင် တရုတ်-ဥရောပကုန်တင်ရထားတစ်စင်းပေါ်သို့ မတင်မီ ကုန်စည်များအား ဝန်ထမ်းများက စစ်ဆေးနေစဉ် (ဆင်ဟွာ)

ထို့ပြင် အမေရိကန်နိုင်ငံနှင့် ဇန်နဝါရီမှ အောက်တိုဘာအထိ ကုန်စည်ကုန်သွယ်မှုတွင်မူ ယူရို ၄၆၀ ဒသမ ၇ ဘီလီယံ ကျဆင်းသွားခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၁၁ ဒသမ ၂ ရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။

တရုတ်နိုင်ငံသည် ဇူလိုင်လမှစ၍ ဥရောပသမဂ္ဂ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့ကြောင်း EU ၏ စာရင်းအင်းအဖွဲ့ ဖော်ပြချက်အရ သိရသည်။

ဥရောပသည် မတ်လလယ်ပိုင်း၌ COVID-19 ၏ ဗဟိုချက်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ခဲ့ပြီးနောက် အီးယူ၏ နိုင်ငံတကာကုန်သွယ်မှုသည် ဖေဖော်ဝါရီလ နောက်ပိုင်းမှစတင်ကာ သိသိသာသာ ကျဆင်းလာခဲ့ပြီး ဧပြီလ၌ အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကပ်ရောဂါအကြိုအဆင့်အောက်သို့ ရောက်ရှိနေဆဲဖြစ်သော်လည်း ကုန်စည်ကုန်သွယ်ရေးသည် မေလတွင် ပြန်လည်မြင့်တက်လာခဲ့ရာ ဇွန်လတွင်မူ တည်ငြိမ်လာခဲ့ကြောင်း သိရသည်။

အီးယူသည် အောက်တိုဘာလတွင် ကုန်စည်တန်ဖိုး ယူရို ၁၇၈ ဒသမ ၉ ဘီလီယံ တင်ပို့ခဲ့ပြီး ယူရို ၁၅၀ ဒသမ ၈ ဘီလီယံ တင်သွင်းခဲ့ကြောင်း သိရသည်။ (၁ ယူရို = ၁.၂၂ ဒေါ်လာ) (Xinhua)
————————————
(English Version)
China remains EU’s top trading partner: Eurostat
Source: Xinhua| 2020-12-17 06:13:04|Editor: huaxia
BRUSSELS, Dec. 16 (Xinhua) — China remained the European Union (EU)’s top trading partner as of October, said Eurostat on Wednesday.
The EU’s trade in goods with China in the first ten months stood around 477.7 billion euros (582.8 billion U.S. dollars), an increase of 2.2 percent compared with the same period of 2019, according to Eurostat.
Meanwhile, the trade in goods with the United States in January-October dropped to 460.7 billion euros, down by 11.2 percent year on year.
Starting from July, China became the bloc’s top trading partner, a position previously held by the U.S., according to the EU’s statistical body.
The bloc’s international trade sharply fell from February onwards, and reached its lowest in April, after Europe was identified by the World Health Organization as the epicenter of COVID-19 in mid-March.
The trade in goods picked up in May and stabilized in June, although still below the pre-pandemic levels.
In October, the EU exported 178.9 billion euros worth of goods, down by 10.3 percent year-on-year, and imported 150.8 billion euros, a decrease of 14.3 percent compared to October 2019. (1 euro = 1.22 U.S. dollars) Enditem
1-Photo taken on Oct. 19, 2020 shows the Tesla China-made Model 3 vehicles which will be exported to Europe at Waigaoqiao port in Shanghai, east China. (Xinhua/Wang Xiang)
2-Aerial photo shows a China-Europe freight train bound for Helsinki, Finland departing from Putian Station of Zhengzhou, central China’s Henan Province, Nov. 20, 2020. (Xinhua/Hao Yuan)
3-Staff members check the cargo before loading onto China-Europe freight trains at a cargo distribution center in Haicang District of Xiamen, southeast China’s Fujian Province, Nov. 13, 2020. (Xinhua/Wei Peiquan)