ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်၊ Kochi မြို့တွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့မှ(၄)ရက်နေ့အထိ Kerala ပြည်နယ် အစိုးရမှကြီးမှူး၍ ကျင်းပပြုလုပ်မည့် “VYAPAR 2017 (Kerala Business to Business Meet)” ပြပွဲသို့...
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်း ၂၉လမ်းသို့ ကုန်တင်ယာဉ်များကို အချိန်အကန့်အသတ်ဖြင့်သာ ယနေ့ နိုဝင်ဘာ ၇ရက်နေ့မှ စတင်ပြီး ဝင်ထွက်ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) Huawei GR5 2017 ဖုန်းသစ်သည် ကင်မရာနှစ်ခုပါဝင်မည် ဖြစ်ပြီး Huawei GR5 2017 ၏ 12 MP နှင့် 2MP တို့ရှိ အနောက်ကင်မရာများဖြင့် ဝ.၃ စက္ကန့်အတွင်း autofocus ပြုလုပ်နိုင်ကြောင်း၊ မိမိရိုက်လိုသည့်...
ပဲရစ်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) လက်ရှိ ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve အား ဝန်ကြီးချုပ်အဖြစ် မန်နျူရယ် ဗောလ်စ် (Manuel Valls) ၏ နေရာ၌ ဒီဇင်ဘာလ ၆ ရက်တွင် ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက အစားထိုး...
ဝါဆော၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ)ပိုလန်အာဏာပိုင်များသည် ဘယ်လာရုစ်နိုင်ငံ နှင့် ထိစပ်နေသည့် ပိုလန်အရှေ့ပိုင်းနယ်စပ်တွင် အမေရိကန်ဒေါ်လာ ၂.၂၅သန်း တန်ဖိုးရှိသည့် တရားမဝင်ဆေးလိပ်များအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆင်ရေးတစ်ခုအတွင်း တရားမဝင် ဆေးလိပ်အရေအတွက် အများဆုံး ဖမ်းဆီးရမိသည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခု က ဒီဇင်ဘာ ၆ရက်တွင်ဖော်ပြခဲ့သည်။
တီဟီရန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)အီရန်နိုင်ငံတီဟီရန်မြို ့ရှိ ရေကန်ကြီးတစ်ခုထဲသို့ဒီဇင်ဘာလ ၆ ရက်က ရဟတ်ယာဉ်တစ်စင်းပျက်ကျသွားခဲ့ရာ လူ နှစ်ဦး သေဆုံးသွားကြောင်း တီဟီရန်မြို့အရေးပေါ်ကယ်ဆယ်ရေးစင်တာ မှ ပြည်သူ့ဆက်ဆံရေးအဖွဲ့ခေါင်းဆောင် က IRNA သတင်းအေဂျင်စီသို့ပြောကြားခဲ့သည်။
ချန်ဒူး၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာ နှစ်ခုအား ကာကွယ်ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်ခုကျော်အတွင်း တရုတ်ယွမ် ၃.၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၁၀.၃၉သန်း) အသုံးပြုခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ) အနာဂတ် အမေရိကန်နိုင်ငံသမ္မတများ စီးနင်းမည့် Air Force One လေယာဉ်သစ် တစ်စီး၏ တန်ဖိုးက အမေရိကန်ဒေါ်လာ ၄ဘီလီယံကျော်တန်ဖိုးရှိကြောင်း အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒီဇင်ဘာ ၆ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ကမ္ဘောဒီးယားနိုင်ငံ၌ ၂ဝ၂၅ ခုနှစ်တွင် ငှက်ဖျားရောဂါလုံးဝ ကင်းစင်သွားစေရေးအတွက် တရုတ်နိုင်ငံက အကူအညီပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆန်ဒတ်ဟွန်ဆန်က မေတ္တာရပ်ခံခဲ့ကြောင်း အကြီးတန်း အရာရှိတစ်ဦးက ဒီဇင်ဘာ ၇ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)မြန်မာနိုင်ငံမှ လုပ်သားများအား မလေးရှားနိုင်ငံသို့ စေလွှတ်မှုကို ဒီဇင်ဘာ ၆ ရက်နေ့က စတင် ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။