Connect with us

Culture & Entertainment

တရုတ်က ကမ္ဘာ့အမွေအနှစ်နေရာများအား ကာကွယ်ရန် ယွမ် ၃.၅ဘီလီယံ အသုံးပြု

တရုတ်နိုင်ငံ ရှိ လဲရှန်ဗုဒ္ဓရုပ်ပွားတော်ကြီး အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ချန်ဒူး၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာ နှစ်ခုအား ကာကွယ်ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်ခုကျော်အတွင်း တရုတ်ယွမ် ၃.၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၁၀.၃၉သန်း) အသုံးပြုခဲ့ကြောင်း သိရသည်။

ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များကော်မတီက အော့မေ့တောင်ရှုခင်းဧရိယာ နှင့် လဲရှန်ဗုဒ္ဓရုပ်ပွားတော်ကြီးဧရိယာအား ၁၉၉၆ခုနှစ်တွင် ကမ္ဘာ့သဘာဝနှင့်ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်စာရင်းသွင်းရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ထို့သို့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း နှစ် ၂၀ပြည့်အခမ်းအနား အား လဲရှန်မြို့တွင် ဒီဇင်ဘာ၆ရက်က ကျင်းပခဲ့ကြောင်းသိရသည်။
ဆယ်စုနှစ် နှစ်ခုကျော်ကြာကာလအတွင်း အဆိုပါမြို့၏ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းသည် သိသိသာသာ တိုးတက်လာခဲ့ပြီး လာရောက်လည်ပတ်သူ ခရီးသည်ဦးရေ သန်း၄၀၏ နှစ်စဉ် အသုံးပြုငွေသည် တရုတ်ယွမ် ဘီလီယံ၅၀ ရှိလာကြောင်း လဲရှန်မြို့အကြီးအကဲ Peng Lin ကပြောကြားခဲ့သည်။
နှစ် ၂၀ပြည့်အခမ်းအနား ကျင်းပပြီးနောက် အော့မေ့တောင်ရှုခင်းဧရိယာတွင် ရှေးဟောင်းအမွေအနှစ်ကာကွယ် ထိန်းသိမ်းမှုဆိုင်ရာဖိုရမ် တစ်ခုအားကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပမှ ပညာရှင် ၁၀၀ကျော် တက်ရောက် ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.