Connect with us

Local

အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် VYAPAR 2017 (Kerala Business to Business Meet) သို့တက်ရောက်ရန် ဖိတ်ကြား

ကုန်သည်စက်မှုအသင်းချုပ်၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- UMFCCI)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်၊ Kochi မြို့တွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့မှ(၄)ရက်နေ့အထိ Kerala ပြည်နယ် အစိုးရမှကြီးမှူး၍ ကျင်းပပြုလုပ်မည့် “VYAPAR 2017 (Kerala Business to Business Meet)” ပြပွဲသို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ပါဝင် တက်ရောက်နိုင်ရန် ဖိတ်ကြားထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

အဆိုပါပြပွဲ၌ Kerala ပြည်နယ်ရှိ ရွေးချယ်ခံထားရသော အသေးစားနှင့်အလတ်စားလုပ်ငန်းများမှ ထုတ်ကုန်များကို ခင်းကျင်းပြသမည်ဖြစ်ပါကြောင်း၊ အဆိုပါစာရင်းများတွင် အစားအသောက်၊ လက်လုပ်ချည်ထည် အဝတ်အစား၊ ရာဘာ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဘက်ဝင်အပင်များ၊ ဝါးနှင့်ပြုလုပ်သည့် ရိုးရာလက်မှုပစ္စည်းများ ပါဝင်ပါကြောင်းနှင့် ပြပွဲဆိုင်ရာ လက်ကမ်းစာစောင်နှင့် အသေးစိတ်အချက်အလက်များကို www.keralabusinessmeet.org တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ပါဝင်တက်ရောက်လိုသော စိတ်ပါဝင်စားသည့်ကုန်သည်စက်မှုအသင်းချုပ်နှင့်ညီနောင်အသင်းများ မှအသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက website:www.keralabusinessmeet.org နှင့် အသင်းချုပ်ပြပွဲဌာနစိတ် ဖုန်း-၂၃၁၄၃၄၄~၄၉ Ext:၃၀၁၊ မိုဘိုင်း-၀၉-၄၅၀၂၀၀၃၅၀၊ E-mail:[email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.