ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မူဆယ်မြို့တွင် ငွေကျပ်သိန်းပေါင်း ၉,၇၁၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) လက်နက်ကိုင် ပဋိပက္ခများကို သက်ဆိုင်ရာအဖွဲ့အစည်းများ ဂုဏ်သိက္ခာရှိရှိ ချုပ်ငြိမ်းပြီး စည်းလုံးညီညွှတ်သော အေးချမ်းသာယာသည့် ပြည်ထောင်စုတစ်ခု တည်ဆောက်ရန်လိုအပ်ကြောင်း ယနေ့ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့၏ သဘာပတိအဖြစ်တာဝန်ယူဆောင်ရွက်သော ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
ဒူဘိုင်း ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ၊ ဒူဘိုင်းမြို့၌ ကမ္ဘာ့အကြီးဆုံး မိသားစုအားလပ်ရက် အနားယူစရာ ရုံတွင်းပန်းခြံ (IMG) ကို သြဂုတ်လ ၃၁ ရက်တွင် ဒူဘိုင်းစော်ဘွား ရှိတ်မိုဟာမက်ဘင်ရက်စ်ရှိ အယ်မက်ကိုတမ်(Sheikh Mohammed bin Rashid Al-Makotum) က...
ဘန်ကောက် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံထုတ် ပို့ဆောင်ရေးလေယာဉ်သစ် နှစ်စင်းကို ထိုင်းနိုင်ငံ လေတပ်မှ ဝယ်ယူခဲ့ကြောင်း စက်တင်ဘာ ၁ ရက် ထုတ် ထိုင်းပြည်တွင်း သတင်းစာများက ရေးသားဖော်ပြသည်။
နယူးဒေလီ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အိန္ဒိယ၌ သတ်မှတ် ရက်ထက်ပို၍ ရက်တိုးမြှင့် နေထိုင်သွားရန် ရှိကြောင်း အိန္ဒိယအရာရှိများက စက်တင်ဘာ ၁ ရက်တွင်ပြောကြားသည်။
နေပြည်တော် ၊ သြဂုတ် ၃၁ ရက်(ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စာချုပ် လက်မှတ်ရေးထိုးပြီးနောက် တိုက်ပွဲများ ဖြစ်ပွားမှုအား လျှော့ချနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ ယခုချိန်ထိ ထိတွေ့မှု ၄ ကြိမ်သာ...
နေပြည်တော် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ အာရှ ရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းတို့သည် ယနေ့ သြဂုတ်လ ၃၁ ရက်တွင်...
နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းသည် ယနေ့ မွန်းလွဲ ၂ း ၃၀ နာရီတွင် သမ္မတ အိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမတွင် မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။
ပေကျင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ၃၄ ကြိမ်မြောက် အနုပညာရပ် သမိုင်းကြောင်းဆိုင်ရာ ကမ္ဘာ့ ညီလာခံအား စက်တင်ဘာလ ၁၆ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ယနေ့ စတင် ကျင်းပနိုင်ခဲ့သော ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်သော ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များသည် အလွန်အရေးကြီးကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက...