Connect with us

Politics, Law & Military

လက်နက်ကိုင် ပဋိပက္ခများကို ဂုဏ်သိက္ခာရှိရှိ ချုပ်ငြိမ်းပြီး စည်းလုံးညီညွှတ်သောပြည်ထောင်စုတစ်ခု တည်ဆောက်ရန်လိုအပ်ဟု ၂၁ရာစုပင်လုံညီလာခံ၌ သဘာပတိဆို

နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

လက်နက်ကိုင် ပဋိပက္ခများကို သက်ဆိုင်ရာအဖွဲ့အစည်းများ ဂုဏ်သိက္ခာရှိရှိ ချုပ်ငြိမ်းပြီး စည်းလုံးညီညွှတ်သော အေးချမ်းသာယာသည့် ပြည်ထောင်စုတစ်ခု တည်ဆောက်ရန်လိုအပ်ကြောင်း ယနေ့ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့၏ သဘာပတိအဖြစ်တာဝန်ယူဆောင်ရွက်သော ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

ယနေ့ ၂၁ ရာစုပင်လုံညီလာခံမှ ဆက်လက်မည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အဖွဲ့အစည်းအသီး သီးမှ တင်ပြချက်များကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲမှ ရလာသည့် ရလဒ်နှင့် အညီ ဒီမိုကရေစီဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ကြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ ၂၁ရာစုပင်လုံညီလာခံ ဒုတိယနေ့၌ သဘာပတိအဖွဲ့ဝင်များအဖြစ် ပဒိုစောကွယ်ထူးဝင်း (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း) ၊ဦးသိန်းဆွေ (ပြည်ထောင်စု ဝန်ကြီး) ၊ဦးခွန်မောင်သောင်း(လွှတ်တော်) ၊ဗိုလ်ချုပ် စိုးနိုင်ဦး(တပ်မတော်) နှင့်ဦးဉာဏ်ဝင်း(နိုင်ငံရေးပါတီ)တို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ယင်း၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့တွင် အစိုးရအဖွဲ့မှ ဦးကျော်တင့်ဆွေ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ပဒိုစောတာဒိုမူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဦးဝင်းထိန်၊ လွှတ်တော်မှ ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ)( KNU/KNLA PC)မှ စောကျော်ညွန့်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးမြင့်စိုး ၊ တပ်မတော်မှ ဗိုလ်မှူးကြီး တင့်နိုင်အေး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စောစိန်ဝင်း၊ ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်၊အစိုးရအဖွဲ့မှ ဒေါက်တာတင်မျိုးဝင်း၊ ချင်း အမျိုးသားတပ်ဦး (CNF)မှ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းထွန်းအေး၊ လွှတ်တော်မှ ဒေါ်ဝင့်ဝါထွန်း၊ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး ကော်မတီ(NDAA)မှ ဦးကြည်မြင့်တို့မှ သဘောထားအမြင်များ တင်ပြခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်လျက်ရှိသည်။

အစိုးရအဖွဲ့မှ ၇၅ဦး၊ တပ်မတော်အဖွဲ့မှ ၁၅၀ဦး၊ လွှတ်တော်အဖွဲ့မှ ၇၅ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မှ ၂၀၀၊ နိုင်ငံရေးပါတီအဖွဲ့မှ ၁၅၀နှင့် ပါဝင်သင့်ပါဝင်ထိုက်သူ ၅၀ စုစုပေါင်း ၇၅၀ဦး ၂၁ရာစုပင်လုံညီလာခံအခမ်းအနားများသို့ ဆက်လက် တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.