Connect with us

Politics, Law & Military

မူဆယ်မြို့တွင် ငွေကျပ်သိန်းပေါင်း ၉,၇၁၇ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများ နှင့်တရားခံအားတွေ့ရစဉ် (ဓာတ်ပုံ-- ရဲဇာနည်)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

မူဆယ်မြို့တွင် ငွေကျပ်သိန်းပေါင်း ၉,၇၁၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ် ၃ဝ ရက်က တရုတ်နိုင်ငံ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(NNCC)နှင့် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ် တို့၏ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်ချက်အရ မြန်မာနိုင်ငံသား နိုင်ယိုး အား တရုတ်နိုင်ငံ ရွှေလီတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းငှားရမ်းနေထိုင်သည့် မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်ရှိ တိုက်တန်းလျား၊ အခန်းအမှတ်(၁၁/၁၂)ကို ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၀,၀၀၀ ပြား(၎င်းဒေသတန်ဖိုးငွေကျပ် ၂,၈၅ဝ သိန်း)ကို လည်းကောင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ မရန်ပေါင်းမေ ၏ အခန်းကိုရှာဖွေရာ ၎င်းမှာတိမ်းရှောင်လျက်ရှိပြီး အိပ်ခန်း အတွင်းမှ ဘိန်းဖြူဘလောက်တုံး ၉၈ တုံး၊ ဘိန်းဖြူဆပ်ပြာခွက် ၃ ခွက်၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၃၄ ဒသမ ၃၃၆ ကီလို (ယင်းဒေသ တန်ဖိုး ငွေကျပ် ၆,၈၆၇.၂ သိန်း)၊ မြန်မာငွေ ၁၃.၄၅ သိန်း၊ တရုတ်ငွေ ၈၅,ဝဝဝ ယွမ်၊ ရွှေထည် ပစ္စည်းမျိုးစုံ အလေးချိန် ၂၉၄.၄၇ ဂရမ်တို့ကို လည်းကောင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်သူ မူဆယ်မြို့၊ ကောင်းမှုလွယ် ရပ်ကွက်နေ မစိန်နီထွေး ၏ နေအိမ်ကို ရှာဖွေရာ မူးယစ်ဆေးဝါး မတွေ့ရှိသော်လည်း အိပ်ခန်းရှိ မီးခံသေတ္တာ အတွင်းမှ မြန်မာငွေကျပ် ၁ဝ သိန်း၊ တရုတ်ယွမ် ၇၅,ဝဝဝနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းရမိ၍ နိုင်ယိုး(၃၁)နှစ်၊ မရန်ပေါင်းမေ(၃၆)နှစ် နှင့် မစိန်နီထွေး(ခ)အားဖန် (၂၆)နှစ် တို့ (၃) ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.