Connect with us

Africa & Middle East

ဒူဘိုင်း၌ ကမ္ဘာ့အကြီးဆုံး ရုံတွင်း ပန်းခြံဖွင့်လှစ်

ဒူဘိုင်းရှိ ကမ္ဘာ့အကြီးဆုံးရုံတွင်း ပန်းခြံ(IMG) ၏ ပုံတူ ရုပ်ပုံငယ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒူဘိုင်း ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ၊ ဒူဘိုင်းမြို့၌ ကမ္ဘာ့အကြီးဆုံး မိသားစုအားလပ်ရက် အနားယူစရာ ရုံတွင်းပန်းခြံ (IMG) ကို သြဂုတ်လ ၃၁ ရက်တွင် ဒူဘိုင်းစော်ဘွား ရှိတ်မိုဟာမက်ဘင်ရက်စ်ရှိ အယ်မက်ကိုတမ်(Sheikh Mohammed bin Rashid Al-Makotum) က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံတွင်းပန်းခြံသည် ၁.၅ သန်း စတုရန်းပေ ကျယ်ဝန်းပြီး တစ်ရက်လျှင် ဧည့်ပရိသတ်ပေါင်း ၁၂,ဝဝဝဦး ထိ ဝင်ရောက် နိုင်ကြောင်းသိရသည်။ ၎င်း ဖွင့်ပွဲအခမ်းအနားကို ဒူဘိုင်းစော်ဘွားနှင့်အတူ ဒူဘိုင်းအိမ်ရှေ့စံမင်းသား ရှိတ်ဟမ်ဒန် နှင့် ဒူဘိုင်းအစိုးရ အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံတည်ဆောက်ထားတဲ့ ပန်းခြံကြီးရဲ့ အရွယ်အစားဟာ ဘောလုံးကွင်း ၂၈ ကွင်းစာ ရှိပါတယ်” ဟု ပန်းခြံ၏ အမှုဆောင်အရာရှိချုပ် လန်နတ်အော့တို က ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။
အဆိုပါ ပန်းခြံကြီးကို တည်ဆောက်ရန် အချိန် ၃ နှစ်နီးပါးကြာ ယူခဲ့ရကြောင်း ၊ မူလက ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းတွင် ဧည့်သည်များဝင်ရောက်နိုင်ရန် အစီအစဉ်ဆွဲထားကြောင်း သိရသည်။
ပန်းခြံတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၁၇ . ၇၁ ဘီလီယံ အသုံးပြုခဲ့ပြီး Ilyas နှင့် Mustafa Galadari ပုဂ္ဂလိက ကုမ္ပဏီအုပ်စုက ငွေကြေးပိုင်းဆိုင်ရာ တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.