Connect with us

Europe

ဘရာဇီးနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် Bolsonaro အနိုင်ရ

ဘရာဇီးနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်လောင်း Jair Bolsonaro အား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတ ရွေးကောက်ပွဲကို အောက်တိုဘာလ ၂၈ ရက်က ကျင်းပခဲ့ရာ လက်ယာယိမ်း ကိုယ်စားလှယ်လောင်းဖြစ်သူ Jair Bolsonaro သည် ဆန္ဒမဲများ၏ ၅၅ ရာခိုင်နှုန်းကျော် ရရှိကာ အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲဆိုင်ရာ အထက်တရားရုံးထံမှ သိရသည်။

ဆန္ဒမဲ ၉၉.၈၃ ရာခိုင်နှုန်း ရေတွက်ပြီးသည့်နောက် Bolsonaro က ၎င်း၏ ပြိုက်ဘက် လက်ဝဲယိမ်း Workers’ Party မှ Fernando အား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ရီယိုဒီဂျနေးရိုးမြို့ရှိ နေအိမ်မှနေ၍ Facebook ပေါ်သို့တင်ခဲ့သည့် ဗီဒီယိုသတင်းစကားတွင် Bolsonaro က “ကတိကဝတ်များအားလုံးကို ဖြည့်ဆည်းပေးသွားမှာဖြစ်တယ်” ဟု မဲဆွယ်စည်းရုံးစဉ် ပြုခဲ့သည့် ကတိတိုင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ဘရာဇီးနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း Jair Bolsonaro အား ထောက်ခံသူများကို တွေ့ရစဉ် (ဆင်ဟွာ)

အသက် ၆၃ နှစ်အရွယ် Bolsonaro က “ဘုရားသခင်၏ သင်ပြမှုများနောက် လိုက်လျှောက်ကာ ဘရာဇီးနိုင်ငံ အခြေခံဥပဒေနှင့်အညီ ပညာရပ်ဆိုင်ရာ အကြံဉာဏ်ကောင်းများနှင့်အတူ နိုင်ငံရေး ယိမ်းယိုင်မှုမရှိဘဲ” အုပ်ချုပ်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဘရာဇီးနိုင်ငံရဲ့ ကြမ္မာကို ပြောင်းလဲကြမယ်” လို့ ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.