ရန်ကုန်၊ဧပြီ၂ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှမြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့အရေးပေါ်လှူဒါန်းသော COVID-19 Vaccine ဆေးထိုးအပ် အခုရေ ၂သန်းကို မူဆယ်မြို့၌ ဧပြီလ၂ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
အီရတ်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံရှိ ကုလသမဂ္ဂလက်နက်စစ်ဆေးရေးမှူးဟောင်းတစ်ဦးဖြစ်သူက ယူကရိန်းနိုင်ငံတွင် တည်ရှိသည်ဟု ပြောဆိုထားသည့် အမေရိကန်ဦးဆောင်သော ဇီဝဓါတ်ခွဲခန်းများ၌ ဇီဝလက်နက်နှင့် အဆိပ် လက်နက်များ တားဆီးပိတ်ပင်ရေး သဘောတူစာချုပ် (BTWC) မှ ချမှတ်ထားသည့်မူဘောင်နှင့်အညီ လုပ်ဆောင်နေခြင်းရှိမရှိကို စစ်ဆေးမှုများလုပ်ဆောင်ရန်လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua) ………………………….. (English...
ဝါရှင်တန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) လတ်တလော ရုရှား-ယူကရိန်းပဋိပက္ခ ဖြစ်ပွားနေသည်မှာ အချိန် ၂ လ တိုင်ခဲ့ပြီဖြစ်သည်။ ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ဆောင်ခြင်းသည် စွမ်းအင်ကဏ္ဍ၊ အစားအသောက်ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ နှင့် ဘဏ္ဍာရေးဈေးကွက် အစရှိသဖြင့် တစ်ကမ္ဘာလုံးအပေါ်သက်ရောက်မှုရှိစေပြီး ပြည်သူလူထု၏ အသက်အန္တရာယ်များအပေါ် ထိခိုက်စေခဲ့သည်။ ရုရှားနိုင်ငံအပေါ်...
ရှင်းကျန်း၊ မတ် ၃၀ ရက် (ဆင်ဟွာ) ဒီဇယ်စွမ်းအင်မှ နေရောင်ခြည်စွမ်းအင်သို့ပြောင်းလဲကာ တရုတ်နိုင်ငံရှင်းကျန်းဒေသတွင် ၄၃၆ ကီလိုမီတာ အရှည်ရှိသည့် တာရင်း သဲကန္တာရ အဝေးပြေးလမ်းမတစ်လျှောက် အရိပ်ရပြီး စိမ်းလန်းစိုပြည်စေရန် ဆည်ရေသောက်ရေတွင်းပေါင်း ၈၆ တွင်းကို အဆင့်မြှင့်တင်ခဲ့သည်။
မော်စကို၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ဒွန်ဘတ်စ်ဒေသနှင့် ရုရှားနိုင်ငံရှိ နေထိုင်သူများအား တိုက်ခိုက်ရန် ပင်တဂွန်က ရန်ပုံငွေထောက်ပံ့ထားသော ဇီဝဗေဒဆိုင်ရာ ဓာတ်ခွဲခန်းများ၌ ထုတ်လုပ်ထားသည့် လူကိုသေစေနိုင်သောရောဂါပစ္စည်းများကို အသုံးပြုရန် ကိဗ်က စီစဉ်ထားကြောင်း ဖော်ပြထားသည့် အထောက်အထားသက်သေကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက တွေ့ရှိထားကြောင်း RT ရုပ်သံကွန်ရက်ထုတ်ဆောင်းပါးအရ သိရသည်။