နီယာမေ၊ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffa ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခု ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဘိုကိုဟာရမ် အစွန်းရောက်များ၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ခံရရာ အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ချီကာဂို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း မီချီဂန်ပြည်နယ် မြောက်ပိုင်း ကျေးလက်ဒေသ ကင့်နယ်မြေတွင် ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းက အဆောက်အအုံတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၏ အောက်တိုဘာလမှ ဇန်နဝါရီလထိ (ယာယီ) မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁,၃၁၆ သန်း ဆောင်ရွက်နိုင်ကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၃၁၈ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
လာပက်ဇ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘိုလီဗီးယားနိုင်ငံအနောက်တောင်ပိုင်းရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဘတ်စ်ကားတစ်စီး နှင့် မြေသယ်ကားတစ်စီးတို့ယာဉ်တိုက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ အများပြည်သူသုံး ရေချိုးအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၁၉ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၂ ဦးသေဆုံးပြီး အနည်းဆုံးအခြား လူပေါင်း ၅ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။