ပေကျင်း ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင် က တရုတ် နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများ နှင့် အတူတကွ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမှတ် ၂၂၃၁ ဆုံးဖြတ်ချက် ကို ထိန်းသိမ်းသွားမည်...
ကန်ပါလာ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ယူဂန်ဒါနိုင်ငံသို့ သီးနှံဖျက် ကျိုင်းကောင်းကာကွယ်တိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ ယင်းလှူဒါန်းပွဲအခမ်းအနားကို ဇွန် ၁၀ ရက်က ယူဂန်ဒါနိုင်ငံ ကန်ပါလာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အခြေခံအဆောက်အအုံအသစ် တည်ဆောက်မှု မြှင့်တင်ရေး အားထုတ်မှုအဖြစ် ယခုနှစ်အတွင်း အင်တာနက် 5G ကွန်ရက်အခြေစိုက်စခန်း ၁၃,၀၀၀ ထပ်မံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပေကျင်း မြူနီစီပယ် အာဏာပိုင်များက ဇွန် ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ထိုက်ယွမ် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်(Shanxi) ရှိ ထိုက်ယွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ သမုဒ္ဒရာစောင့်ကြည့်လေ့လာရေး ဂြိုလ်တုတစ်စင်းကို ယနေ့ ဇွန် ၁၁ ရက်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ဇွန် ၉ ရက်တွင်ပြုလုပ်သည့် အဆင့်မြင့်မဟာဗျူဟာမြောက်ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) နီးကပ်စွာဆက်ဆံရေး တိုးတက်ရန် သဘောတူခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှုထူထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တို့သည် ယနေ့ ဇွန် ၈ ရက်တွင် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။
ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ) မေ ၃၁ ရက် အထိဆိုပါက COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၂၇ နိုင်ငံအား ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့ ၂၉ ဖွဲ့ကို စေလွှတ်ပေးခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၄ ခုသို့လည်း ရောဂါတိုက်ဖျက်ရေးအတွက်...
ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် မေ ၃၁ ရက် ၂၄:၀၀ နာရီအထိ ဆိုရလျှင် တရုတ်နိုင်ငံ ပြည်နယ်နှင့်ဒေသပေါင်း ၃၁ ခု နှင့် ရှင်းကျန်း ထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံစာအရ COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၈၃,၀၁၇...
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဘက်ပေါင်းစုံကြိုးပမ်းအားထုတ်မှု လုပ်ကိုင်နေစဉ်အတွင်းမှာပင် အလွန်ခိုင်မာပြီး ပညာရှင်ဆန်သော ထိရောက်မှုအပြည့်အဝရှိသည့် COVID-19 သတင်းအချက်အလက်ထုတ်ပြန်ရေးစနစ်တစ်ခုကို တည်ဆောက်ခဲ့ကြောင်း နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက နိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်ကို ယနေ့ ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။