အစ္စတန်ဘူလ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က အစ်နေ့ (Eid al-Adha) အားလပ်ရက် လေးရက်အတွင်း ကမ်းခြေများသို့ လူအဖွဲ့လိုက်သွားရောက်လည်ပတ်ခဲ့ကြခြင်းကြောင့် COVID-19 ကပ်ရောဂါဖြစ်ပွားမှု ထပ်မံမြင့်တက်လာမည့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
အစ္စတန်ဘူလ် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) ခရီးသည်တင် လေယာဉ်ဟောင်းတစ်စင်းကို စားသောက်ဆိုင်အဖြစ် အသွင်ပြောင်းထားသည့် တူရကီနိုင်ငံ၏ အကြီးဆုံး လေယာဉ်စားသောက်ဆိုင်ကြီးကို တူရကီငွေကြေး လီရက်စ် ၁၀ သန်း (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၁.၄ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်ကြောင်း တူရကီ အိမ်ခြံမြေလုပ်ငန်းစုတစ်ခုက ဆင်ဟွာသတင်းဌာနသို့ ဩဂုတ်...
အစ္စတန်ဘူ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ဆာကာရာပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၄ ဦးနှင့် ဒဏ်ရာရသူအရေအတွက် ၁၀၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း တူရကီ ဝန်ကြီးများက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ မေ ၂၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၉၈၇ ဦးရှိခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၁၅၇,၈၁၄ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၂၉ ဦးရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ ၄,၃၆၉ ဦး ၊ အသစ်ထပ်တိုး ရောဂါပျောက်ကင်းသွားသူ ၁,၃၂၁ ဦးရှိခဲ့ရာ စုစုပေါင်းရောဂါသက်သာပျောက်ကင်းသွားသူ ၁၂၀,၀၁၅ ဦးအသီးသီး...
ဘူဒါပတ်စ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ဟန်ဂေရီနိုင်ငံအတွက် လွန်စွာလိုအပ်လျက်ရှိသည့် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ တင်ဆောင် လာသော တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းသည် ဧပြီ၂၇ ရက်က ဘူဒါပတ်စ်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) တူရကီနိုင်ငံတွင် ဧပြီလ ၁၉ ရက်က COVID-19 ရောဂါ အသစ်ထပ်တိုး လူနာ ၃,၉၇၇ ဦးရှိရာ စုစုပေါင်းအတည်ပြုလူနာ ၈၆,၃၀၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး Fahrettin Koca ၏ ယင်းနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည့် နောက်ဆုံးရ...
အန်ကာရာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) COVID-19 ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ လေကြောင်းလိုင်းများ ဆိုင်းငံ့ခဲ့ပြီးနောက် မတ် ၂၅ ရက်အစောပိုင်းတွင် ပြည်ပရောက် တူရကီကျောင်းသား ၂,၇၂၁ ဦးကို အဆုံးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း တူရကီ ဒုတိယ သမ္မတ ဖူအက် အို့ခ်တေး (Fuot Oktay) က...
အန်ကာရာ ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတအာဒိုကန်က ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်အတွင်းရှိ တူရကီစစ်သားများအား နောက်ထပ်တစ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်လာပါက “ မည်သည့်နေရာတွင်မဆို ” ဆီးရီးယားစစ်တပ်အား လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ဖေဖော်ဝါရီ ၁၂ ရက်တွင် ခြိမ်းခြောက် ပြောဆိုလိုက်သည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Sabiha Gokcen အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖေဖော်ဝါရီ ၅ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်ခဲ့ခြင်းကြောင်း လူသုံးဦးသေဆုံးကာ ၁၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင် ကိုကာက ကြေညာခဲ့သည်။
အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ပမာဏ ၆.၈ အဆင့်ရှိသော အင်အားပြင်းငလျင်တစ်ခု ဇန်နဝါရီ ၂၄ ရက်က လှုပ်ခတ်ခဲ့ရာ လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။