Connect with us

WORLD

တူရကီနိုင်ငံတွင် COVID-19 ဖြစ်ပွားသူ အဆမတန် ဆက်လက်မြင့်တက် ၊ တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာ ၄,၀၀၀ နီးပါး ရှိ

တူရကီနိုင်ငံ အန်ကာရာမြို့၏မြင်ကွင်းများအား ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံတွင် ဧပြီလ ၁၉ ရက်က COVID-19 ရောဂါ အသစ်ထပ်တိုး လူနာ ၃,၉၇၇ ဦးရှိရာ စုစုပေါင်းအတည်ပြုလူနာ ၈၆,၃၀၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း  တူရကီ ကျန်းမာရေးဝန်ကြီး Fahrettin Koca ၏ ယင်းနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။

ဧပြီ ၁၉ ရက်တွင် အသစ်ထပ်တိုးသေဆုံးသူ ၁၂၇ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၂,၀၁၇ ဦး ရှိသွားပြီဖြစ်ကြောင်း နှင့် တစ်ချိန်တည်းမှာပင် ယင်းနေ့တွင် ရောဂါသက်သာပျောက်ကင်းသွားသူ ၁,၅၂၃ ဦးရာ စုစုပေါင်း ရောဂါပျောက်ကင်းသွားသူ ၁၁,၉၇၆ ဦး ရှိကြောင်း သိရသည်။ 

တူရကီနိုင်ငံ အန်ကာရာမြို့၏မြင်ကွင်းများအား ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အန်ကာရာမြို့၏မြင်ကွင်းများအား ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အန်ကာရာမြို့၏မြင်ကွင်းများအား ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အန်ကာရာမြို့၏မြင်ကွင်းများအား ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောဂါကာကွယ်ရေးပစ္စည်းများကို အရှိန်မြှင့်တင်ထုတ်လုပ်နေသလို ဝင်ငွေနည်းပါးသောမိသားစုပေါင်း ၂ သန်းကျော်ကို ထောက်ပံ့ကြေးများပေးလျက်ရှိကြောင်း တူရကီနိုင်ငံ အစိုးရ သက်ဆိုင်ရာ ဌာနများက ဆိုသည်။ဧပြီ ၁၈ ရက် သန်းခေါင်ယံမှစတင်၍ ပြည်နယ်နှင့်မြို့အချို့၏ သွားလာခွင့်ကန့်သတ်ကာလအား ၁၅ ရက်ထပ်တိုးမည်ဖြစ်ကြောင်း တူရကီနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117