ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) မြောက်ဦးမြို့နယ်၌ ငွေကျပ် သိန်း ၁၄,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ဆိုးလ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်က ၎င်းတို့နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှုပြုလုပ်ရာနေရာအား မေလတွင် ပွင့်လင်းစွာ ပိတ်သွားမည်ဟု ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်က ဧပြီလ ၂၉ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတ ထရန့်က ဧပြီ ၂၈ ရက်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင် ၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ှနှင့် တိုးတက်ပြောင်းလဲလာသည့် မြောက်ကိုရီးယားကျွန်းဆွယ်အရေးအခြေအနေသစ်များကို ဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဆိုးလ် ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားကျွန်းဆွယ်အဏုမြူကင်းမဲ့ရေးအတွက် တောင်ကိုရီးယားနှင့်အမေရိကန်တို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်များပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်နှင့် အမေရိကန်သမ္မတ ထရန့်တို့က မတ်လ ၁၆ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်ဟုသိရှိရသည်။ထို့အပြင် တောင်ကိုရီး ယား-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး၊ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးများ ပြုလုပ်ရန်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ဆိုးလ် ၊ မတ် ၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က မတ်လ ၁ ရက်တွင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်နှင့်ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့အထူးကိုယ်စားလှယ်စေလွှတ်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်အား အဆင်ပြေသောအချိန်၌ မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်က ဖိတ်ကြားလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က အိမ်ပြာတော်မှ ပြောကြားခဲ့သည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် သည် မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သမ္မတအိမ်ပြာတော် က ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ (ROK) သမ္မတ မွန်ဂျေအင် သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၁၃ ရက်မှ ၁၆ရက်အထိ နိုင်ငံတော်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က ဒီဇင်ဘာ ၆...
ဆိုးလ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကမ်းရိုးတန်းအလွန်၌ ယနေ့တွင် တောင်ကိုရီးယားငါးဖမ်းလှေတစ်စီး နှင့် ဆီတင်သင်္ဘောတစ်စီးတိုက်မိပြီး တိမ်းမှောက်ခဲ့ရာ လူ ၁၃ဦးသေဆုံးကြောင်း တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
ဆိုးလ် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံမှ လေယာဉ်တင်သင်္ဘောတစ်စင်း နှင့် တိုက်ခိုက်ရေး ရေယာဉ်အုပ်စု တစ်ခုသည် တောင်ကိုရီးယားနိုင်ငံ တပ်ဖွဲ့ဝင်များနှင့်အတူ လာမည့် အောက်တိုဘာလတွင် ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။