Connect with us

Asia

အမေရိကန်လေယာဉ်တင်သင်္ဘော နှင့် တောင်ကိုရီးယား တပ်ဖွဲ့ဝင်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလတွင် ပြုလုပ်ရန်ရှိ

တောင်ကိုရီးယားတပ်ဖွဲ့ ဝင်များနှင့်ပူးတွဲ လေ့ကျင့်မည့် အမေရိကန်လေယာဉ်တင်သင်္ဘော USS ရော်နယ်ရီဂန် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံမှ လေယာဉ်တင်သင်္ဘောတစ်စင်း နှင့် တိုက်ခိုက်ရေး ရေယာဉ်အုပ်စု တစ်ခုသည် တောင်ကိုရီးယားနိုင်ငံ တပ်ဖွဲ့ဝင်များနှင့်အတူ လာမည့် အောက်တိုဘာလတွင် ပူးတွဲ စစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ လွှတ်တော် ကာကွယ်ရေးကော်မတီသို့ပေးပို့သော တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုများ နှင့် နျူကလီးယားခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် ယခုပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်ကြောင်း ဆိုထားသည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ယခုလကုန်ပိုင်းတွင် အမေရိကန်နိုင်ငံ၏ B-1B မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်သည် ကိုရီးယားကျွန်းဆွယ်သို့ရောက်ရှိလာမည်ဖြစ်ကြောင်း နှင့် စက်တင်ဘာလ မှ အောက်တိုဘာလဆန်းအထိ တောင်ကိုရီးယား -အမေရိကန်- ဂျပန် သုံးနိုင်ငံ ဒုံးကျည်ကြိုတင်သတိပေးမှု ပူးတွဲလေ့ကျင့်ရေးအစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလတွင် နျူကလီးယားစွမ်းအင်သုံး အမေရိကန်လေယာဉ်တင်သင်္ဘော USS ရော်နယ်ရီဂန် ဦးဆောင်သည့် တိုက်ခိုက်ရေး ရေယာဉ်အုပ်စုသည် တောင်ကိုရီးယားတပ်ဖွဲ့ဝင်များနှင့်အတူ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဒုံးကျည်ကာကွယ်ရေးစနစ် ၊ ဒုံးကျည်များ နှင့် နျူကလီးယားတိုက်ခိုက်မှုများကို တန်ပြန်တိုက်ခိုက်သည့်စနစ် နှင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပူးပေါင်း၍ မြောက်ကိုရီးယားနိုင်ငံအပေါ် ဖိအားပေးခြင်း နှင့် အရေးယူပိတ်ဆို့ခြင်း စနစ် ဟူသော မဏ္ဍိုင်သုံးခုစနစ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၅ ရက်က မြောက်ကိုရီးယားနိုင်ငံက Hwasong-12 ဟုအမည်ပေးထားသော တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်(IRBM) စမ်းသပ်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက်တွင် တောင်ကိုရီးယားစစ်တပ်၏ အစီရင်ခံစာထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသည် စက်တင်ဘာလ ၃ ရက်တွင် နျူကလီးယားထိပ်ဖူးတပ်ဆင်ပစ်ခတ်နိုင်သည့် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံအပေါ် ပိုမိုပြင်းထန်သော ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ချက်အသစ်ကို ချမှတ်ခဲ့ပြီး နိုင်ငံအတွင်း စက်သုံးဆီတင်သွင်းခွင့်ကို ဖြတ်တောက်ခြင်း ၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသော မြောက်ကိုရီးယား နိုင်ငံသားများ၏ အလုပ်လုပ်ကိုင်ခွင့်ကို ပိတ်ပင်ခြင်း နှင့် မြောက်ကိုရီးယားနိုင်ငံ၏ ချည်ထည်တင်ပို့မှုအားလုံးကို ပိတ်ပင်ခြင်း စသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ပါဝင်ကြောင်း သိရသည်။(Xinhua)