ဘန်ကောက်၊ မတ် ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်လာသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများလုပ်ဆောလျက်ရှိရာ COVID-19 ကာကွယ်ဆေး နိုင်ငံကူးလက်မှတ်များ (vaccine passports) နှင့် ကွာရန်တင်း ကင်းလွတ်ခွင့်များကို စဉ်းစားလျက်ရှိကြောင်း သိရသည်။
ချွန်ဘူရီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ The Man That Rescues Dogs ဘေးမဲ့ဂေဟာကို ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကယ်ဆယ်ထားသော ခွေးအကောင်ရေ ၆၀၀ ကို စောင့်ရှောက်ထားလျက်ရှိသည်။ ထို့ပြင် Bangsaen နှင့် Sriracha...
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး mRNA ကာကွယ်ဆေးကို မကြာမီ လူသားတွင် လက်တွေ့စမ်းသပ်မှု ပထမအဆင့် ပြုလုပ်ရန် လျာထားကြောင်း တက္ကသိုလ်တာဝန်ရှိသူတစ်ဦးအဆိုအရ သိရသည်။
ဘန်ကောက်၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာသစ် ၁၄၃ ဦး နှင့် ထပ်မံသေဆုံးသူ ၂ ဦးရှိကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ(CCSA) က ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် အတည်ပြုခဲ့သည်။
ပေကျင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားစေသော အကြောင်းအချင်းအရာများနှင့် ကိုက်ညီမှုတစ်ခုဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော လင်းနို့အုပ်စုငယ် တစ်ခုကို ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် လေ့လာမှုအသစ်တစ်ရပ်အရ တွေ့ရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ထိုင်းနိုင်ငံတစ်ဝန်း တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး အသုံးပြုကာ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံ၏ ပျမ်းမျှလူဦးရေ သုံးပုံနှစ်ပုံခန့် ကာကွယ်ဆေး ထိုးနှံနိုင်ရန် ရည်ရွယ်ထားကြောင်း မီဒီယာသတင်းများ၌ ဖော်ပြထားသည်။
ဘန်ကောက်၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ထိုင်းနိုင်ငံတွင် COVID-19 ကပ်ရောဂါ နောက်ဆုံးကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့သော စမွတ်ဆခွန်းခရိုင်မှအပ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းအများစုကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ထိုင်းနိုင်ငံက COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအတွက် အဆင့်သုံးဆင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပထမအဆင့်ကို ဖေဖော်ဝါရီလမှ ဧပြီလအထိ ပြုမည်ဖြစ်ကာ ကာကွယ်ဆေးအလုံးရေ ၂ သန်းထိုးနှံသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။
ဘန်ကောက်၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ၂ သန်းကို ဝယ်ယူသွားရန် ထိုင်းနိုင်ငံက ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရုံးက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၂၂ ရက်က COVID-19 ကူးစက်မှုအသစ် ဆက်လက်မြင့်တက်ခဲ့ပြီး ယမန်နေ့ကထက် ၄၂၇ ဦး တိုးမြင့်လာခဲ့ကြောင်း၊ ယင်းအနက် အများစုမှာ မြို့တော်ဘန်ကောက်အနီးရှိ ပြည်နယ်တစ်ခု၏ ပင်လယ်စာဈေးကွက်နှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။