မော်စကို ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးအေဂျင်စီဝန်ထမ်းဟောင်း အက်ဒ်ဝါဒ့် စနိုဒန်ကို ရုရှားနိုင်ငံသားအဖြစ် ခွင့်ပြုကြောင်း အမိန့်တစ်ရပ်အား စက်တင်ဘာ ၂၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဗလာဒီဗော့စတော့ခ် ၊ ရုရှား ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) အထူးသဖြင့် စွမ်းအင်အတွက် ကမ္ဘာလုံးဆိုင်ရာလိုအပ်ချက်တိုးလာသည့် အခြေအနေအရ ရုရှားနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံတကာ ဆက်ဆံရေးစနစ်သည် ပြောင်းလဲ၍မရသော ဖွဲ့စည်းတည်ဆောက်ပုံ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သော်လည်း အနောက်နိုင်ငံများက ၎င်းတို့အတွက် အကျိုးရှိနိုင်သည့် နိုင်ငံတကာစည်းစနစ်ဟောင်းကို ထိန်းသိမ်းရန် ကြိုးပမ်းနေကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က စက်တင်ဘာ ၇ ရက်တွင် ကျင်းပသော ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် မျက်နှာစုံညီ အစည်းအဝေး၌ ပြောကြားခဲ့သည်။ (Xinhua) …………………………………………...
ရုရှားနိုင်ငံ သမ္မတ ပူတင်က ရုရှားစစ်တပ် တပ်ဖွဲ့ဝင်အင်အားကို ၁၃၇,၀၀၀ ဦး ထပ်မံတိုးမြှင့်ခဲ့ရာ စုစုပေါင်း တပ်ဖွဲ့ဝင်ပမာဏ ၁,၁၅၀,၆၂၈ ဦးအထိ ရောက်ရှိလာမည့် အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………………………. (English Version) Putin signed a decree to increase...
ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ထိုင်ဝမ်သို့ မကြာသေးမီက သွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ၏ ခရီးစဉ်သည် ဒေသတွင်း၌ အခြေအနေအား မတည်မငြိမ်ဖြစ်စေရန် တမင်ရည်ရွယ်သော အမေရိကန်မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) ………………………………… (English Version)...
အီရန်နိုင်ငံ သမ္မတ အီဗရာဟင်ရိုင်စီ( Ebrahim Raisi) နှင့် အီရန်နိုင်ငံသို့အလည်အပတ်ရောက်ရှိနေသော ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့သည် ဇူလိုင် ၁၉ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာသည့်အပေါ် ကျေနပ်မှုရှိကြောင်းနှင့် နှစ်ဘက်ဆက်ဆံမှု ထပ်မံ တိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးဖြင့် ဒေသတွင်းလုံခြုံရေးကို အာမခံနိုင်ရန်အတွက် သဘောတူညီခဲ့ကြကြောင်းသိရသ ည်။(Xinhua)xhtxs.cn/xCh...
မော်စကို၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) အချို့သောနိုင်ငံများက ရုရှားအား နိုင်ငံခြားအဆင့်မြင့်နည်းပညာသစ်များ ရယူခြင်းကို တားမြစ်ကာ ရုရှား၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဟန့်တားရန်ကြိုးပမ်းနေသော်လည်း ရုရှားက ယင်းကိစ္စကိုဖြေရှင်းရန် နည်းလမ်းသစ်များ အာရုံစိုက်ရှာဖွေပြီး အဆင့်မြင့်နည်းပညာသစ်များ ဖွံ့ဖြိုးတိုးတက်ရန် အားဖြည့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က ဇူလိုင် ၁၈ ရက်တွင်...
မော်စကို၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမီယာ ပူတင်သည် ယူကရိန်းအကျပ်အတည်း၊ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးကွက်နှင့် နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုဆိုင်ရာအကြောင်းအရာများကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် ဇူလိုင် ၁ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယူကရိန်းနှင့် ၎င်း၏ “အနောက်နိုင်ငံ ပံ့ပိုးသူများ”က...
မော်စကို၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတက နိုင်ငံ၏ပထမဆုံး Sarmat တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စနစ်ကို ယခုနှစ်ကုန်ပိုင်းတွင် စစ်မြေပြင်၌ စတင်တပ်ဖြန့်ချထားမည်ဟုဆိုသည်။ စစ်ဘက်ဆိုင်ရာအကြီးအကဲများနှင့် အစည်းအဝေးအတွင်း ပူတင်က “ဖြစ်လာနိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေနဲ့အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားပြီး မိမိတို့ရဲ့ တပ်မတော်ကို ပိုမိုအင်အားတောင့်တင်းပြီးဖွံ့ဖြိုးတိုးတက်စေဖို့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း”ဆိုသည်။ အလားတူ ယူကရိန်းနိုင်ငံဘက်ကလည်း ဂျာမနီနိုင်ငံထုတ် ၁၅၅ မီလီမီတာ...
မော်စကို ၊ မေ ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံဗလာတီမာပူတင်က အကယ်၍ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့က ဖင်လန် သို့မဟုတ် ဆွီဒင်နိုင်ငံ၏ ပိုင်နက်နယ်မြေထဲ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦများတပ်စွဲချထားခဲ့မည်ဆိုပါက ရုရှားနိုင်ငံအနေဖြင့် လက်တုံ့ပြန် သွားမည်ဖြစ်ကြောင်း မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။