မော်စကို ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံအကြား သပ်လျှို၍ အဖုအထစ်ဖြစ်စေရန် လုပ်ဆောင်နေမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီး တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနိုင်ငံတစ်နိုင်ငံဖြစ်ကာ ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ “ ရုရှားနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ပျက်ပြားအောင် အားထုတ်ကြိုးပမ်းနေတာကို ကျွန်တော်တို့တွေ့ရပါတယ်...
ဝါရှင်တန်၊မေ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က လာမည့် ဇွန်လတွင် သွားရောက်မည့် ၎င်း၏ ဥရောပခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့်အတူ တွေ့ဆုံဆွေးနွေးနိုင်ရန် မျှော်လင့်ထားကြောင်း မေ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မော်စကို ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီက ၂၀၂၄ ခုနှစ်မှ စတင်ကာ လက်ရှိ သမ္မတပူတင်အား နောက်ထပ် သက်တမ်း နှစ်ကြိမ် တာဝန်ထမ်းဆောင်ခွင့်ပြုရန် ဥပဒေကြမ်းတစ်ရပ်အား မတ် ၃၁ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
မော်စကို ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရုရှားနိုင်ငံ ပြည်တွင်းထုတ် ကာကွယ်ဆေး သုံးမျိုးအနက် တစ်မျိုးကို မတ် ၂၃ ရက်တွင် ထိုးနှံမှုခံယူခဲ့ကြောင်း ရုရှားနိုင်ငံသမ္မတနန်းတော်(ကရင်မလင်နန်းတော်)၏ ထုတ်ပြန်ကြေညာမှုအရ သိရသည်။
မော်စကို၊ မတ် ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်အား နှစ်နိုင်ငံ ဆက်ဆံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်အတွက် အွန်လိုင်းအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားလိုကြောင်း မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် သိသိသာသာ ကျဆင်းနေသော်လည်း စိတ်ချရပြီဟု တွေးဆရန်မသင့်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၃ ရက်၌ သတိပေးပြောကြားခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆိုက်ဘာလုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နိုဝင်ဘာ ၂၀ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
မော်စကို ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး နာကော်နို-ကာရာဘတ် (Nagorno-Karabakh) (နာကာ) ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် အရပ်သားများအပါအဝင် လူပေါင်း ၄ ထောင်ကျော်သေဆုံးခဲ့ပြီး ၈ ထောင်ကျော်ဒဏ်ရာရရှိခဲ့ကာ လူပေါင်း သောင်းနှင့်ချီ၍ စစ်ဘေးဒုက္ခဖြစ်ခဲ့ရကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် က...
မော်စကို ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် က အောက်တိုဘာ ၂၉ ရက် ၌ ကျင်းပပြုလုပ်သည့် အွန်လိုင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဖိုရမ်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေးထံ ဖုန်းဆက်၍ ရုရှား-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် ၎င်း၏ လုပ်ဆောင်ချက်များအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။