ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည် အား ခန့်အပ်တာဝန်ပေးခြင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့်အညီ လွှတ်တော်က သဘော တူကြောင်း ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ...
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ယူနစ်များ ဆုံးရှုံးမှုများ(Losses)များနှင့်ပတ်သက်၍ Advance Metering Infrastructure-AMI စနစ်ကို ကျင့်သုံးနိုင်ပါက လူနှင့်ပြောင်းလဲပြီး ခိုးယူသုံးစွဲသည့် ကိစ္စများ ပပျောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ အဆောင်များ၊ အခန်းများ ငှားရမ်းနေထိုင်မှုများကို လိုင်စင်ခွင့်ပြု ဆောင်ရွက်ခြင်း မရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိသော သောက်ရေသန့်လုပ်ငန်း (၃)ခု အား ရှောင်တခင်စစ်ဆေး ကာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP) နှင့် ကိုက်ညီမှု မရှိပါသောကြောင့် စက်ရုံ(၃)ရုံအား ပိတ်သိမ်းအရေးယူခဲ့ကြောင်း အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်သည့်သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက် အရ စုစုပေါင်းရငွေကျပ် ၇၇၂.၀၄၈ ဘီလီယံကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ရှင်းလင်းတင်ပြသည့်အပေါ်...
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၀)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရှိ လှည်းကူးနှင့် ထန်းတပင် စက်မှုဥယျာဉ်မြို့တော် ဖော်ဆောင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ် အတွင်းရှိဆေးဝါးအရောင်းဆိုင်များ သို့ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ဆေးဆိုင် (၇) ဆိုင်မှ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် ( Myanmar Registration No.) မပါရှိသောဆေးဝါး (၇၁) မျိုး၊ သက်တမ်းလွန်ဆေးဝါး (၇) မျိုး တို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း...
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ယာဉ် ၆ စီး ဆင့်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ နက ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ဧပြီလ ၂၃ ရက် နံနက်(၉)နာရီတွင် တောင်ဒဂုံစက်မှုဇုန်(၁)ခန်းမ၌ တောင်ဒဂုံစက်မှုဇုန် (၁) (၂) (၃) စက်မှုဇုန်ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။